NEWS

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ်က ဂုံမင်းမြောင် ဟွာရှိန်စက်ရုံတွင် အလုပ်သမား ၃၀၀၀ကျော် လုပ်ခလစာ တိုးမြှင့်တောင်းဆိုနေ

CoverLogo
310 Views
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံလုပ်သားတွေက လုပ်ခလစာတိုးမြှင့်းပေးဖို့ တောင်းဆိုနေ တယ်လို့ သိရပါတယ်။ လက်ရှိ အလုပ်သမား ၃၀၀၀ ကျော် ပါဝင် တောင်းဆိုနေပြီး မေ ၃၁ ရက်မှာ စတင်တောင်းဆိုခဲ့လို့ သိရပါတယ်။
 
အနည်းဆုံး အခကြေးငွေ ဒေးကြေး ၄,၈၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ် ၊ ရက်မှန်ကြေး ကျပ် ၂၀,၀၀၀ကနေ ကျပ် ၆၀,၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က ဒေးကြေး မတိုးပေးဘဲ ရက်မှန်ကြေးပဲတိုးပေးပြီး အမျိုးသား လုပ်သားတွေကို စစ်မှုထမ်းပို့မယ်ဆိုပြီး စက်ရုံဘက်က ခြိမ်းခြောက်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သူတို့က ရက်မှန်ကြေးပေးမယ် ပြောတယ်။ ဒေးyကြေးမပေးဘူးတဲ့။ အလုပ်သမားတွေက လက်မခံ ခဲ့ဘူး။ နောက် ရက်မှန်ကြေးနဲ့ လက်ခံရင် ယောင်္ကျားလေးတွေကို စစ်မှုထမ်းခေါ်သွားမယ်လို့ မန်နေဂျာက ခြိမ်းခြောက်ပါတယ်။”လို့ ပြောပါတယ်။
 
စက်ရုံလုပ်သား ၃,၂၀၀ က လုပ်ခလစာတိုးပေးဖို့ တောင်းဆိုနေကြ လက်ရှိ လုပ်ငန်းခွင်ကို ရပ်ဆိုင်းထားတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

Related posts

Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025