NEWS

ပဲခူးက VHT အထည်ချုပ်စက်ရုံ လုပ်သား ၄၀၀ နီးပါးကို လစာမဲ့ခွင့်ဖြင့်စက်ရုံပိတ်ထား လို့ အခက်အခဲဖြစ်နေ

CoverLogo
1.1K Views

ပဲခူးမှာရှိတဲ့ Vht အထည်ချုပ်စက်ရုံက ကုန်ကြမ်းမရလို့ဟုဆိုကာ အလုပ်သမား အချို့ကို လစာမဲ့ခွင့် ဖြင့်  စက်ရုံပိတ်ထားပြီး အခုလို ပြုလုပ်ထားတာက အလုပ်သမားများသဘောတူညီချက်မရှိဘဲ လစာမဲ့ခွင့်နဲ့  ပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

 “စက်ရုံကကုန်ကြမ်းမရလို့ဆိုပြီးတော့ တစ်ချို့ဌာနတွေကိုပိတ်ထားတယ်။ အဲ့ပိတ်ထားတဲ့ဌာနတွေကို လစာမဲ့ ခွင့်နဲ့ပိတ်ထားတယ်။  လစာမပေးဘူး။  ကြိုတင်ပြီးလည်းအသိမပေးဘူး။ အလုပ်သမားတွေတော်တော်များများ ကလည်း စက်ရုံခေါင်းဆောင်တွေကိုပြောဖို့အဆင်မပြေဘူး။ စက်ရုံတစ်ရုံလုံးကိုပိတ်လိုက်တာမဟုတ်ဘူး။ စက်ရုံးကတစ်၀က်နီးပါးလောက်ကိုပိတ်ထားတာ။  ပိတ်တယ်ဆိုရင် အမှန်ဆိုရင်ပိတ်တဲ့အလုပ်သမားတွေနဲ့  ညှိနှိုင်းရမှာ။  ပိတ်တဲ့ရက်တွေမှာ ဒေးကြေးဘယ်လောက်ပေးမယ် ဘယ်လိုလုပ်မယ်ဆိုတာညှိနှိုင်းရမှာ။ မညှိဘဲ နဲ့လစာမပေးဘဲပိတ်လိုက်တယ်။ ကြိုတင်ပြောထားတာလည်းမရှိဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။  

အဆိုပါစက်ရုံက  အလုပ်သမားတွေဟာ  နို၀င်ဘာ ၂၀ရက်နေ့ကနေစပြီးပိတ်ထားတာဖြစ်ပြီး  ၆ရက်တိတိပိတ်ပြီးနောက် တစ်ရက်သာစက်ရုံပြန်ဖွင့်လို့တစ်ရက်အလုပ်လုပ်ရပြီးနောက် နောက်ထပ်၆ရက် တိတိပြန်ပိတ်လိုက်ရာ အလုပ်သမားတွေဟာ ၆ရက်နားတစ်ရက်ဆင်း ၆ရက်နားတစ်ရက်ဆင်းပုံစံဖြင့်လုပ်နေရ တာဖြစ်တယ်လို့ သိရပါတယ်။  

 “ပုံမှန်ဆိုရင်သူတို့ဘက်ကပဲပိတ်တာမို့ ဒေးကြေးကပေးရပါတယ်။ ခုကလုံး၀မပေးဘူး ခုပိတ်ထားပြီးလကုန် ပြီး၅ရက်နေ့ကျရင်လာဆင်းတဲ့။ တစ်ခါအဲ့နေ့လစာထုတ်ပြီးရင်တစ်ခါပြန်ပိတ်မယ်တဲ့။ လစာမရဘူးတဲ့။ ကျွန် တော်တို့အကုန်လုံးအခြားဘာကြေးညာကြေးရက်မှန်ကြေးအကုန်ရပ်တယ်။ ခုကကုန်ကြမ်းမရ ဘူးဆိုပြီးပိတ် တာ အခြားစက်ရုံတွေမှာအဲလို ပိတ်တာကိုဒေးကြေးပေးတယ်”လို့ အလုပ်သမားက ပြောဆိုပါတယ်။  

အဲ့ဒီလိုမတရားပြုလုပ်ခံနေရတဲ့အပေါ် ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အလုပ်သမားရုံးကို ယခုရက်ပိုင်းအတွင်း တိုင်ကြားစာ တင်ပြသွားမယ်လို့လည်းသိရပြီး  အဲ့ဒီလိုတိုင်ကြားတာဟာ စက်ရုံထဲကအလုပ်ရှင်ဖွဲ့စည်းထားတဲ့  WCC အဖွဲ့ ကလည်း အလုပ်သမားဘက်ကနေမညှိပေးဘဲ  အလုပ်ရှင်အလိုကျသာ ပြောဆိုတာကြောင့် အလုပ်သမားရုံးသို့ တိုင်ကြားဖို့စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါအထည်ချုပ်စက်ရုံမှာကအလုပ်သမားတစ်ထောင်ခန့် ရှိပြီး  အလုပ်သမား ၃၀၀ ကျော်၄၀၀ လောက်က ကုန်ကြမ်းမရဘူးဆိုကာ ၆ရက်ပိတ်တစ်ရက်ဆင်း  ပိတ်ထားတာကြောင့် အလုပ်သမားတွေဟာ  လစာမဲ့ခွင့်နဲ့သာပိတ်ထားတာကြောင့် လုပ်ခလစာ၁၀ရက်လောက်သာရရှိမယ်ဆိုပါက အဆောင်လခ၊ စားရေးသောက်ရေးအတွက် ဘယ်လိုမှရပ်တည်မရနိုင်ဘူးလို့လည်း ဆိုပါတယ်။  

 “၁၂လပိုင်း၂၀ရက်နေ့ရဲ့နောက်ပိုင်းမှာ ပြန်ဆင်းရနိုင်တယ်။ အခြေအနေကြည့်မယ်လို့ ပြောတယ်။ စက်ရုံက လီဒါတွေ စူပါတွေကလည်း သူတို့စက်ရုံကလူတွေပြောရင်ပြောသလိုပဲပြောတယ်။ စက်ရုံက ဒီလဆိုရင်လစာက  ဆင်းလိုက်တဲ့ရက်လေးပဲဆင်းရတော့  အလုပ်သမားတွေကအိမ်လခရောစားရေးသောက်ရေးရော အကုန်အ ခက်အခဲဖြစ်တယ်။ အဆင်မပြေဘူး။ အခြားအလုပ်သမားအခွင့်အရေးဆုံးရှုံးတာတွေမရှိဘူး။ ဒီ တလ လုံးမှာ ၁ဝရက်လောက်ပဲလုပ်ရတယ်ဆိုရင် အဆောင်လခနဲ့စားတာ သောက်တာလုံး၀အဆင်မပြေပါဘူး။  ပိတ်တာ ကသူတို့ဘက်ကပိတ်တာဆိုတော့ လစာကလိုချင်ပါတယ်။ အကုန်အပြည့်မဟုတ်တောင် ၅၀ရာခိုင်နှုန်းလောက် ညှိပေးတာမျိုးလိုချင်ပါတယ်” လို့ ဆိုထားပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026