NEWS

ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ

CoverLogo
822 Views
 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ် ၁၃ ရပ်ကွက် ရှိ DONG LONG(Pathein)အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေအနေနဲ့ ဥပဒေပါခွင့် ခံစားခွင့်တွေမရရှိတဲ့အပြင် ကြီးကြပ်သူ စူပါတွေရဲ့ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေ ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"လိုင်း ၄လိုင်း ကိုင်ရတဲ့ အောစူပါ ဒေါ်- က အလုပ်သမားတွေကို ကြီးကြီးငယ်ငယ် ခေါင်းခေါက်တာတွေ၊ ကျောကုန်းထုတာတွေလုပ်တယ် တစ်ခုခုဆို ပါးစပ်က ကောင်းကောင်းမွန်မွန်မပြောချင်ဘူး လက်ပါတယ် ၊ အထည်တွေနဲ့ ပစ်ပေါက်တာတွေ လုပ်တယ်။ လိုင်း ၁၃ စူပါဆိုရင်လည်း
 
အထည် စံချိန်ကို အလုပ်သမားချုပ်နိုင်စွမ်းရှိတာထက် ပိုတောင်းတာ အထည်မပေးနိုင်ရင် ရေမသောက်ခိုင်းတာတွေ ထမင်းမစားခိုင်းတာတွေ အိမ်သာမသွားခိုင်းတာတွေ လုပ်တဲ့အထိ ကြုံနေရတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။
 
"နေမကောင်းလို့ ခွင့်ယူရင်ခွင့်မရဘူး အပြောအဆိုခံရတယ်။ ဆေးသေတ္တာတို့ ဆေးပေးခန်းတို့မှာလည်း ဆေးဝါးတွေ ၊ အရေးပေါ်သူနာပြု ပစ္စည်းတွေမရှိဘူး။ အလုပ်သမားတွေကလည်း သူတို့ရဲ့ဥပဒေပါခွင့်တွေကို မသိလို့မယူတဲ့သူရှိသလို သိလို့ယူရင်လဲအပြောအဆိုခံရတယ်။ နေမကောင်းလို့ ခွင့်တိုင်မရတော့ အလုပ်ကိုလာတယ် အလုပ်ကျတော့မသက်သာလို့ ဂိတ်ပတ်တောင်းရင်တောင်မရဘူး။
 
မိုးလင်းကမိုးချုပ် လီတာ /စူပါ တွေအဆဲခံရတယ် တချို့ စူပါ/လီတာ တွေဆို နာမည်တောင်မခေါ်ဘူး ဖာ- မ ၊ ဖေ- မ လို့တောင်ခေါ်တယ် ၊ လူကမွေးတာလား ခွေးကမွေးတာလားဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံတယ်။ အထည်ပဲကျရင်လည်း လစာထဲကဖြတ်တယ်၊ တစ်ချို့ စူ ပါ /လီတာ တွေဆို ဝန်ထမ်းတွေရဲ့ကိုယ်ရေးကိုယ်တာကိုဝင်စွတ်ဖက်ပြောဆိုတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ချုပ်လုပ်ရတဲ့ စက်ပျက်နေပါက ချက်ချင်း ပြုပြင်ပေးတာမရှိဘဲ အထည်အရေမပြည့်ပါက ဆဲဆိုမှုတွေပြုလုပ်လို့လည်း ဖိအားတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။
 
"အလုပ်နားချိန် မိနစ် ၃၀အပြည့်မရတဲ့အပြင် ညနေ အလုပ်သိမ်းချိန် ဘဲလ်တီးရင် ၆နာရီ ၅မိနစ် ကျမှ (၅မိနစ် နောက်ကျပြီးတီးပေးတယ် ။ဖုန်းတွေသိမ်းထားပြီး အလုပ်နားချိန်တောင်ဖုန်းပြန်မပေးတဲ့အတွက် မိသားစုအရေးကြီးကိစ္စတွေမှာ ဖုန်းလာရင်တောင်မသိလိုက်ရဘူး။ OT ခေါ်ရင်လည်း အလုပ်သမားဆန္ဒမပါပဲ အတင်းကြပ်ခေါ်ယူတယ် ငြင်းပိုင်ခွင့်မရှိဘူး အမိန့်ပေးသလိုပဲ အမြဲလုပ်တယ် စက်ရုံတွင်း သုံးရတဲ့ ကတ်ကြေး၊ လက်အိတ်တွေကိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အဆိုပါကဲ့သို့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ၊ ဥပဒေပါ ခွင့်ခံစားခွင့်တွေ ခံစားခွင့်မရတာ အပြင် လုပ်ငန်းခွင်ထဲမှာ ရိုင်းစိုင်းစွာ ဆဲဆိုနေတာ ကိုယ်ထိလက်ရောက်ပြုမူနေတာတွေကို သက်ဆိုင်ရာ အမှတ်တံဆိပ် တွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့ အဲ့ဒီစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။
"လုံခြုံရေး ခေါင်းဆောင်အမျိုးသမီးကလည်း ဝန်ထမ်းတွေ အိမ်သာသွားရင်အော်ဟစ်မောင်းထုတ်တယ် ၊ ဝန်ထမ်းတွေအပေါ် ဆဲဆို တယ်အပြောကြမ်းတယ် မျက်နှာလိုက်တယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ဆက်ပြောပါတယ်။
 
အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၂၀၀၀ ကျော်နဲ့ Muji , Mayorl, Golf ,SEM/R တံဆိပ် တွေ ချုပ်လုပ်နေတာဖြစ်ပြီး ရုံခွဲအနေနဲ့ KUMUDRA(Pathein)အထည်ချုပ်စက်ရုံကို ကပ်ရပ်မှာ ထပ်မံဖွင့်လှစ်ထားတယ်လို့သိရပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026