NEWS

ပုသိမ်စက်မှုဇုန်က Myanmar All Rich အထည်ချုပ်စက်ရုံယာယီပိတ်သိမ်း၊ နို့တစ်ကြေးမရလို့ အလုပ်သမားတွေတောင်းဆို

CoverLogo
2.2K Views

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကွင်းအမှတ် ၅၀/သစ်ညိုကုန်းကွင်း၊ တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက် မှာဖွင့်လှစ်ထားတဲ့ Myanmar All Rich အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်းတယ်လို့ နိုဝင်ဘာ ၃၀ ရက်က ပြောဆိုခဲ့ပြီး လုပ်ငန်းပိတ်သိမ်းရာတွင်  အလုပ်သမားတွေကို ပေးရမယ့် နို့တစ်ကြေး တစ်လစာ မရရှိတာကြောင့် အလုပ်သမားတွေအနေနဲ့  တောင်းဆိုထားတယ်လို့ သိရပါတယ်။

လုပ်သားအင်အား တစ်ထောင်ကျော်နဲ့ လည်ပတ်ခဲ့တဲ့အဆိုပါစက်ရုံဟာ ကမ္ဘာကျော်အမှတ်တံဆိပ်  ZARA,  ONLY,  VERO MODA စတဲ့ ဘရန်းအထည်တွေကို ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး  ဟွာပိုတိုင်းရဲ့ ရုံးခွဲအနေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

"အခုစက်ရုံထဲမှာ အလုပ်ပိတ်လိုက်တယ် တစ်လလည်းကြိုမပြောဘူး သတင်းသဲ့သဲ့ကြားတယ် မနေ့ကစပိတ်တယ်လို့တော့ပြောတယ် ဒါပေမယ့် ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာကို အတိအကျမပြောဘူး။ ၄ လပိုင်းလို့လည်းပြောတယ် မနေ့က လစာထုတ်ပြီးတော့ နို့တစ်ကြေးကိုမေးတယ် စူပါကိုမေးတယ် မရဘူးပြောတယ် ရုံးပေါ်တက်မေးတော့ ဟွာဘိုတိုင်းကို တစ်လသွားဆင်းလို့ပြောတယ် အဲ့လိုသွားဆင်းရင် နို့တစ်ကြေးအဖြစ်ပေးမယ်လို့ပြောတယ် မနေ့က နိုဝင်ဘာ ၃၀ ရက်မှာ ကြိုပြောလိုက်တဲ့အတွက် နို့တစ်ကြေးပေးစရာမလိုတော့ဘူး ကိုယ့်လုပ်အားခကိုပဲ ယူဆိုတဲ့သဘော" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားရုံးကို သွားရောက် တိုင်ကြားရာမှာ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန်ထားပေမယ့် စက်ရုံဘက်ကတော့ နို့တစ်ကြေးပေးဖို့ ငြင်းဆန်နေတယ်လို့ ဆိုပါတယ်။

"ရုံးကိုသွားပြောတော့ ဦးစီးမှူးက သူဖြေရှင်းပေးမယ်လို့ ပြောပြီး စက်ရုံမန်နေဂျာကိုဖုန်းဆက်ပြီး ပြောတော့ အဆင်ပြေအောင် ညှိပေးပါမယ်ပြောလို့ စက်ရုံကိုပြန်သွားတာ တယောက်မှထွက်မလာဘူး အဲ့ဒါနဲ့ မန်နေဂျာကိုဖုန်းဆက်မေးတော့ မနက် ၈ နာရီစက်ရုံရှေ့ကို ပြန်လာခဲ့ပါပြောလို့ ပြန်လာတယ် နို့တစ်ကြေး မပေးချင်လို့ လှည့်ပတ်ပြောတယ် ဖြေရှင်းပေးမယ်ပြောလို့ စောင့်နေတာကို မနေ့ကအတိုင်းပဲပြောတယ် အကုန်စက်ရုံပြန်ဆင်းပေး ပေးထားတဲ့ နစ်နာကြေးတွေအကုန်ပြန်ပေး စက်ရုံမပိတ်တော့ဘူးလို့ ပြောတယ် လက်မှတ်ထိုးခိုင်းတယ် တစ်လကြိုပြောပါတယ်ဆိုပြီး လကုန်ပိတ်မယ့်သဘော ။ အလုပ်သမားတွေကို နို့တစ်ကြေးမပေးချင်တာနဲ့ ပဲ ပြန်မဖွင့်တော့မယ့် စက်ရုံကို တစ်လ ဆက်သွားမယ့် သဘော ။ မပေးနိုင်ဘူးလို့လည်းပြောတယ် ကိုယ်တွေရဲ့ ရပိုင်ခွင့်အတွက် ဆက်လုပ်မှာပါ" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

#MyanmarLabourNews
 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026