NEWS

ပိတ်သိမ်းခဲ့သည့် Evertex Myanmar Garment​ အထည်ချုပ်စက်ရုံပိုင်ရှင် အလုပ်သမားလျော်ကြေးအပြည့်အဝမပေးပဲထွက်ပြေးတိမ်းရှောင်နေ

CoverLogo
1.7K Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာမြို့နယ်ထဲကရွှေလင်ဗန်းစက်မှု့ဇုန်မှာ လာရောက်လုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင် Evertex Myanmar Garment အထည့ချုပ်စက်ရုံမှာဧပြီလသက်ြန်ပိတ်ရက်ပြီးနောက်ပိုင်းပိတ်သိမ်းခဲ့တဲ့အချိန်မှာ ပေး​ချေရမယ်အလုပ်သမားနစ်နားကြေးကိုယခုအချိန်အထိအပြည့်အဝမပေး​ချေသေးတဲ့အတွက်အဆိုပါစက်ရုံမှအလုပ်သမား ၃၀၀ ခန့်ဟာအခက်အခဲကြုံနေရတယ်လို့သိရပါတယ်။

အဆိုပါစက်ရုံစတင်ပိတ်သိမ်းပြီးနောက် ၅ လပိုင်းထဲမှာHRနဲ.ခေါင်းဆောင်ပိုင်းတွေကိုမီတင်ခေါ်ပြီးစက်ရုံကဆက်လက်မဖွင့်တော့ပဲ၅လပိုင်း၆ရက်နေ့မှာလျှော်ကြေးအပြီးပေးမယ်လို့ပြောခဲ့ပေမယ့်အလုပ်အလုပ်သမားတဦးလျင် ၅၀၀၀၀ ကျပ်သာရရှိခဲ့တယ်လို့စက်ရုံလုပ်သားတဦးက MLN ကိုပြောပါတယ်။

“Bankကထုတ်မရလိုဆိုပြီးဝန်ထမ်းတိုင်းကိုအလုပ်ရှင်ကဟိုရက်ချိန်းဒီရက်ချိန်းနဲ့ရက်တွေကြာပြီးBankကိုအကြောင်းပြ၊ Bankကတပတ်ကိုသိန်း(၃၀၀)ထုတ်ပေးလို့ပိုက်ဆံပြည့်အောင်ရက်စောင့်ပေးပါဟုအလုပ်ရှင်ပြောသောအခါအလုပ်သမားများယုံကြည်မှုမရှိသည့် အတွက်သဘောတူညီမှုမရှိပဲဆူညံဆူညံဖြစ်သွားခဲ့တယ်”လို့ဆိုပါတယ်။

အလုပ်သမားများကို ချက်လက်မှတ်ယူလျှင်လူစုပြီးပေးမည် ဟုပြောသော်လည်း အလုပ်ရှင်ဘက်မှထိုချက်လက်မှတ်မထုတ်ပေးဘဲနောက်ဆုံး တစ်ခေါက်ကျမှလျော်ကြေးအကျေပေးမည် ဟုပြောထားသော်လည်းအလုပ်သမားတစ်ဦလျှင်(၁၀၀၀၀၀)ကျပ်ကိုသာအလုပ်သမားများထံပေးခဲ့တယ်လို့သိရပါတယ်။

"နောက်ပိုင်းတွင်အလုပ်ရှင်ကစစ်ကိုင်းသွားတယ်ပြောလိုက် ရန်ကုန်မှာရှိတယ်ပြောလိုက်နဲ့ယနေ့အချိန်ထိမည်သည့်သတင်းမှမရရှိပဲအလုပ်ရှင်မှထွက်ပြေးတိမ်း‌ရှောင်နေပါတယ်"လို့အလုပ်သမားတဦးကပြောပါတယ်။

စက်ရုံစတင်ပိတ်သိမ်းချိန်မှာ၂လသာပိတ်မယ်လို့ပြောခဲ့ပေမယ့်တကယ်တမ်းပိတ်တဲ့အခါဝန်ထမ်းတွေကဝန်ထမ်းလစာ၅၀ ရာခိုင်နှုန်းတောင်းခဲ့ပေမယ့် ၂လစာအတွက် ၂၀ ရာခိုင်နှုန်းသာ လစဥ်၅ရက်နေ့မှာပေးမယ်လို့အလုပ်သမားတွေနဲ့စက်ရုံပိုင်ရှင်တွေ့ဆုံတဲ့အချိန်မှာပြောခဲ့တယ်လို့လဲသိရပါတယ်။

အဆိုပါစက်ရုံမှထုတ်သည့် Brand မှာ Restoration ဖြစ်ပြီးစက်ရုံပိုင်ရှင်တရုတ်နိုင်ငံသားမှာ စစ်ကိုင်းတိုင်းဖက်တွင် Dong Zhan Garment အမည်ဖြင့်စက်ရုံတခုဖွင့်လှစ်လုပ်ကိုင်နေတယ်လို့လဲသိရပါတယ်။ 


Related posts

Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026