NEWS

နေရပ်မပြန်နိုင်တဲ့ အလုပ်သမားတွေ သင်္ကြန်ပိတ်ရက်မှာ နေ့စားလုပ်ကိုင်ပြီး ဖြတ်သန်းမယ်

CoverLogo
801 Views

ရန်ကုန်မြို့မှာ သင်္ကြန်ပိတ်ရက် နေရပ်ပြန်မပြန်နိုင်ကြတဲ့ အလုပ်သမားတွေဟာ နေ့စားအလုပ်ကို ဝင်ရောက် လုပ်ကိုင်နေကြတယ်လို့ ပြောဆိုပါတယ်။ ဒီလို လုပ်ကိုင်တာကြောင့် အသုံးစာရိတ်သက်သာဖို့နဲ့ ပိတ်ရက် အတွင်း ဝင်ငွေရရှိဖို့ လုပ်ကိုင်နေကြတာလို့ နေ့စားလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦး ပြောပါတယ်။

“စက်ရုံက ပိတ်ထားတော့ အချိန်ပိုတော့မရှိဘူး။ ဒီနေ့တော့ ငါးလေးခြောက် ခေါင်းချွေတဲ့ အလုပ်ကို ပြောထားလို့ သွားလုပ်ရမယ်။ သင်္ကြန်ပိတ်ရက်ဆိုတော့ ဝင်ငွေလည်းရှိ၊ တခြားစာရိတ်တွေလည်း သုံးနိုင်မှာပေါ့” လို့ လှိုင်သာယာစက်မှုဇုန်က စက်ရုံတစ်ရုံမှာ  အထည်ချုပ်လုပ်ကိုင်တဲ့ မလှိုင်သူက ပြောပါတယ်။

ရန်ကုန်မြို့က စက်မှုဇုန်တွေနဲ့ ရပ်ကွက်အတွင်းက အလုပ်ရုံတွေမှာ နေ့စားအလုပ် လုပ်ကိုင်သူတွေဟာ အလုပ်သမားဦးရေရဲ့ ၅ ရာခိုင်နှုန်း အထက်မှာ ရှိနိုင်တယ်လို့ အလုပ်သမားရေးဆောင်ရွက်ပေးနေ့တဲ့ အဖွဲ့အစည်းဝင် အမျိုးသမီးက ပြောပါတယ်။ အလုပ်သမားတွေ နေရပ်မပြန်နိုင်တာနဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ပြု ပြောဆိုပါတယ်။

“၁ နိုင်ငံရေး အခြေအနေကြောင့်၊  ၂ က သွားရလာရတာတွေ ခက်ခဲလာတာကြောင့်၊ ၃ က ကားလက်မှတ် တွေ အရမ်းစျေးကြီးတာကြောင့် ၊ ၄ ကတော့ ပြန်ရောက်သင့်တဲ့အချိန်မှာ ပြန်ရောက် မလာနိုင်တဲ့အခါ အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်တာကြောင့် အလုပ်သမားတွေတိုင်း နေရပ်မပြန် နိုင်ကြဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ စက်မှုဇုန်ပေါင်း ၃၀ ဝန်းကျင်ရှိပြီး လုပ်သားအင်းအားပေါင်း ၅၅၀၀၀၀ ကျော်ရှိတယ်လို့ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ထား တဲ့ စာရင်းတွေအရသိရပါတယ်။ သင်္ကြန်ပိတ်ရက်အတွင်း နေရပ်မပြန်နိုင်ဘဲ နေ့စားအလုပ်တွေကနေ့ တစ်နေ့ ကျပ် ၅၀၀၀ ကျပ်ကနေ ကျပ် ၁၀၀၀၀ အထိရရှိတယ်လို့ အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။

“စက်ရုံအတွင်းမှာ အလုပ် ကမ်းလှမ်းတာရှိတယ်။ တစ်ရက် ကျပ်တစ်သောင်းနဲ့ အိမ်ရုံတွေမှာ ချုပ်ရမယ်ဆို ပြီးပေါ့။ ရပ်ကွက်ထဲလည်း ခေါ်တာတွေရှိတယ်။  ၅၀၀၀ လောက် အနည်းဆုံးပေးခေါ်ပါတယ်။ ခေါ်တာ လည်း နည်းနည်းတော့ သူလည်း နည်းနည်းပါပဲ။ ဒီနှစ်အတွင်းမှာ ကုန်ကျစာရိတ်တွေများတော့ ကြားပေါက် လေးတွေ လုပ်ချင်ကြပါတယ် “ လို့ ပြောပါတယ်။

သင်္ကြန်လို ပိတ်ရက်မျိုးမှာ အလုပ်သမားတွေ နေ့စားဝင်လုပ်နေ ကြတာဟာ ရတဲ့လစာနဲ့ ကုန်ကျငွေနဲ့ မညီမျှတာနဲ့ ကုန်ကျစရိတ်များနေတာကြောင့်ဖြစ်တယ်လို့  အလုပ်သမားသမားကူညီရေး အဖွဲ့ဝင် အမျိုးသမီးက ပြောကြားပါတယ်။ ဒါ့အပြင် အလုပ်သမားအတွက် ကုန်ဈေးနှုန်းတွေကြီးမြင့်မှုကလည်း  သင်္ကြန်ပိတ်ရက်မှ မဟုတ်ဘဲ တခြားအနားယူရမဲ့ရက်တွေမှ  မနားနိုင်ဘဲ အချိန်ပို လုပ်ကိုင်နေကြရတာ ဖြစ်တယ်လို့ ပြောထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026