NEWS

နေရပ်ပြန် ကမ္ဘောဒီးယားရေလုပ်သားများနေရာတွင် မြန်မာလုပ်သားများအစားထိုးခေါ်ယူဖို့ ထိုင်းငါးလုပ်ငန်းအသင်းတောင်းဆို

CoverLogo
119 Views
 
နယ်စပ်တိုက်ပွဲ တွေကြောင့် နေရပ်ပြန်သွားတဲ့ ကမ္ဘောဒီးယား ရေလုပ်သားတွေ နေရာ ကို မြန်မာလုပ်သားတွေ အစားထိုးခေါ်ယူခွင့် ရဖို့ ထိုင်းငါးလုပ်ငန်းအသင်းက အစိုးရ ကို တောင်းဆိုလိုက်တယ်လို့ The Nation သတင်းမှာ ဖေါ်ပြထားပါတယ်။
 
ထိုင်းနဲ့ကမ္ဘောဒီယား နယ်စပ် ပဋိပက္ခ တွေကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယားလုပ်သား ၅၀၀၀ နီးပါး နေရပ်ပြန်သွားတာကြောင့် အလုပ်သမားရှားပါးမှုပြသာနာ အကြီးကျယ်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ ကမ္ဘောဒီးယားနိုင်ငံသား ၁၅၀၀၀ ခန့် တရားဝင်အလုပ်လုပ်ကိုင်နေကြပြီး အဲ့ဒီထဲမှာ MOU အလုပ်သမားနဲ့ (ပုဒ်မ ၈၃)၂၀၁၅ ငါးဖမ်းဥပဒေအရ ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်ရန် ခွင့် ပြုချက် ရထားသူ ဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ နယ်စပ်တိုက်ပွဲတွေကြောင့် ပုဒ်မ ၈၃ အရ ခန့်ထားတဲ့ ကမ္ဘောဒီးယား အလုပ်သမား ၅၀၀၀ခန့် ဟာ နေရပ်ကိုပြန်သွားကြပြီး MOU အလုပ်သမား တွေသာ စာချုပ်အရ ဆက်လက်ကျန်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ ထိုင်းငါးလုပ်ငန်းအသင်းက အလုပ်သမားကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၁၄ အရ မြန်မာအလုပ်သမားများ ကို အမြန် ခေါ်ယူခန့်အပ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုသွားမှာဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာရေလုပ်သားတွေဟာ သင်တန်းပေးရန် လိုအပ်တဲ့ ဘင်္ဂလားဒေ့ရှ် လုပ်သားတွေ နဲ့ မတူဘဲ ငါးဖမ်းလုပ်ငန်းမှာ ကျွမ်းကျင်ပြီးသားဖြစ်လို့ လေ့ကျင့်ပေးစရာမလိုဘဲ၊ လိုအပ်တဲ့အရေအတွက်ကိုလည်း ချက်ချင်းဖြည့်ဆည်းပေးနိုင်တယ်လို့ ထိုင်းငါးလုပ်ငန်းအသင်းဥက္ကဌကပြောကြားပါတယ်။
Ref-The Nation

Related posts

Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ
Oct 15, 2025
Cover
ကြေးပိုက်ခိုးယူသည့်​​ မြန်မာဝန်ထမ်းအား တရားဥပဒေနှင့်အညီအရေးမယူဘဲ ညှင်းပန်းနှိပ်စက်သောကြောင့် အလုပ်သမားများဆန္ဒပြ
Oct 15, 2025
Cover
မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ
Oct 15, 2025
Cover
မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
မြန်မာလုပ်သား၂၀ ကျော်ရဲ့ တစ်နှစ်စာလုပ်ခ ဘတ်တစ်သန်းကျော် ရလိုမှု အဆင်ပြေ (ရုပ်သံသတင်း)
Oct 14, 2025