NEWS

နို့မှုန့်အတု များ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသဖြင့် စားသုံးသူများ သတိထားရန် FDA သတိပေး

CoverLogo
324 Views
 
ပြည်တွင်းဈေးကွက်အတွင် နို့မှုန့်အတု တွေ ဖြန့်ဖြူးရောင်းချနေကြောင်း စိစစ်တွေ့ရှိတဲ့ အတွက် စားသုံးသူတွေ သတိထား ဝယ်ယူဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDAမှ သတိပေး ထုတ်ပြန်ထားပါတယ်။
 
DKSHMyanmar Ltd မှ တင်သွင်း ပြီး ထောက်ခံချက်ရရှိထားတဲ့ နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်စာ Dumex Dupro အမှတ်တံဆိပ်ပါ ကုန်ပစ္စည်း တွေ ကို စျေးကွက်အတွင်းအတု ပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချနေ တာတွေ စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
 
၎င်းပစ္စည်းတွေဟာ စားသုံးသူရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အတွက် နို့မှုန့်အတုကို ဝယ်ယူခြင်းမပြုဖို့ အသိပေးထားပါတယ်။
 
စားသုံးသူတွေ Dumex Duproအတု၊ အစစ် ခွဲခြား သိရှိရန် ကိုလည်း အသိပေးထားပြီး ကုန်ပစ္စည်း အတု တွင် ဒူးမတ်ဟု မြန်မာစာသားကို (တ်) ဖြင့် စာလုံးပေါင်းထားပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူအမည်၊လိပ်စာ မူရင်းထုတ်လုပ်သည့် Danone ကုမ္ပဏီ Logo နှင့် Call Center ဖုန်းနံပါတ်မပါဟု ဖော်ပြထားပါတယ်။
 
ဖြန့်ဖြူးရောင်းချသူတွေ အနေနဲ့ လည်း ၄င်းကုန်ပစ္စည်း အတု ကို မရောင်းချဖို့ သတိပေးထားပြီး လိုက်နာမှုမရှိပါက အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၃၁ အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း FDA က ကြေညာထားပါတယ်။

Related posts

Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း
May 29, 2026
Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026