NEWS

နိုဝင်ဘာလ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
494 Views

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေနဲ့သာဆက်ရှိနေပါတယ်။ ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ 

ပြည်တွင်းက ဈေးတွေမှာ ပြည်ပထုတ်ကုန်အချို့ပစ္စည်းပြတ်တာ၊ ဝယ်ယူမရတာအထိ ရှိနေပြီး ပြည်တွင်း ထုတ်ကုန်တွေ အစားထိုးဝင်ရောက်နေပေမယ့် ဈေးနှုန်းကတော့ အမြင့်မှာသာရှိနေတာပါ။

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ယခုတစ်ပတ်တာနို၀င်ဘာ ၁၁ ရက်ကနေ ၁၇ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့   ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
နို၀င်ဘာ ၁၁ ရက်နေ့ကနေ နို၀င်ဘာ၁၇ ရက်အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂တစ်လီတာလျှင်  ၃၀၃၀ကျပ် ၉၅ တစ်လီတာ ၃၂၁၀ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ  ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၃၄၅ကျပ်ဖြစ်ပြီး နို၀င်ဘာ၁၅ရက်ကနေ ၁၇ရက်အထိဈေးနှုန်းကတော့ ၉၂တစ်လီတာလျှင်   ၃၀၁၀ကျပ် ၉၅ တစ်လီတာ  ၃၂၀၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၃၁၀ ကျပ်ဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပြီး စက်သုံးဆီပြင်ပပေါက်ဈေးကတော့ ၉၂ တစ်လီတာ  ၃၈၀၀ ကျပ်မှ  ၄၀၀၀ ကျပ်နှုန်းဖြင့် ဈေးလည်းငြိမ်နေတယ်လို့ သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ နို၀င်ဘာ ၁၁ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၉၂ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၅ သိန်း ၄ သောင်းကျော်ဖြစ်ကာနို၀င်ဘာ ၁၂ ရက်နေ့မှာ  ၅၄ သိန်း၇သောင်းကျော်၊ ၁၃ရက်နေ့မှာတော့ ၅၃ သိန်း ၈ သောင်းကျော်နဲ့ နို၀င်ဘာ ၁၄ရက်နေ့မှာတော့ ၅၂သိန်း ၉ သောင်းကျပ်ဖြစ်ကာ နို၀င်ဘာ ၁၅ရက်နေ့ကနေ ၁၇ ရက်နေ့အထိမှာတော့  အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၁သိန်း၈သောင်းဖြစ်တယ်လို့  သတ်မှတ်ထားတာကြောင့်  ယခုတစ်ပတ်တာရဲ့ရွှေလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်ဈေးနှုန်းဟာ  တစ်ပတ်တာလုံး ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။  

ပြင်ပရွှေဈေးကွက်မှာတော့ နို၀င်ဘာ ၁၁ရက်နေ့  ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၂သိန်း၈သောင်း ကျပ်ဖြစ်ပြီး ၁၂ရက်နေ့မှာတော့  ၆၁သိန်း၅သောင်း၊ ၁၃ရက်နေ့မှာ ၆၂သိန်းဖြစ်ပြီး  ၁၄ရက်မှာတော့  သိန်း ၆၀ နဲ့ ၈ သောင်းကျပ်သို့ပြန်လည်ကျဆင်းကာ အဆိုပါဈေးနှုန်းနဲ့ နို၀င်ဘာ ၁၇ ရက်နေ့အထိ ဈေးတန်းငြိမ်နေတာဖြစ်ပါတယ်။   

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ နို၀င်ဘာ ၁၁ရက်မှ ၁၇ရက်အထိ တစ်ပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၅၁၀ ကျပ်ကနေ  ၄၅၃၀ကျပ်အတွင်းဖြစ်ပြီး တစ်ပတ်တာလုံးမှာ အဆိုပါ၄၅၀၀ ပတ်ချာလည်ဖြင့်သာဈေးတန်းငြိမ်နေတာဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၇၅ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော် နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ န်ို၀င်ဘာ ၁၁ရက်မှ နို၀င်ဘာ ၁၇ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၃၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနည်းငယ်ကျဆင်းလာပြီး သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၁၀၀၀  ကျပ်ကနေ  ၁၅၀၀၀ အထိ အမြင့်ဈေးမှာသာရှိနေပြီး စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၉၀၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ်ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံအလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရောနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ကျပ်၊ ၊  ငြုပ်သီးစိမ်းအနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစ်စီး ၁၀၀၀ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀အလုံးသေး၊ ဘဲဥတစ်လုံး ၆၀၀၊ မုံလာဥတစ်စီး ၁၅၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွန့် တစ်စီး ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၆၀၀၊ ပဲသီး ၁၂၀၀(အစီးသေး)၊  အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၂၂၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၆၀၀၀၊ ၀က်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါး အနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတမော တစ်ကတ်  ၁၃၀၀ ( တလုံး ၁၅၀) ၊ သန္ဓေတားဆေး တစ်ကတ် ၄၀၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၁၀၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊  အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် ၂၇၀၀  ကျပ်ဖြစ်နေပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။

 


Related posts

Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၂၉-ဇန်နဝါရီ၄)
Jan 10, 2026
Cover
ရွှေဈေး၂ သိန်းကျော်ပြန်ကျပြီး ရာသီပေါ်သီးနှံတချို့ စျေးအနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 08, 2026
Cover
အချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
Dec 29, 2025
Cover
ရွှေဈေး စံချိန်တင်မြင့်တက် အခြေခံစားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Dec 27, 2025