NEWS

နိုင်ငံခြားသားများ အလုပ်လုပ်၊ ဈေးရောင်းခြင်းများ ပြုလုပ်ပါက ပြည်နှင်မည်ဟု ထိုင်းဝန်ကြီး ပြောဆို

CoverLogo
403 Views
 
မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားလုပ်သားတွေ အနေနဲ့ ထိုင်းနိုင်ငံ အတွင်း အလည်ဗီဇာနဲ့ နေထိုင်ပြီး အလုပ် လုပ်ကိုင်တာ၊ အွန်လိုင်း ဈေးရောင်းတာတွေ စစ်ဆေးတွေ့ရှိပါက ပြည်နှင်ဒဏ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
 
အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အွန်လိုင်းကနေ Live လွှင့် ဈေးရောင်းတာကို စစ်ဆေးတွေ့ရှိပါက ဘတ် ၅,၀၀၀ ကနေ ဘတ် ၅၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမယ့် အပြင် အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ပိတ်သိမ်းကာ နေရပ်သို့ ပြန်လည်ပို့မယ်
လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက် က ဘန်ကောက်မြို့ရှိ ကုန်တိုက်တစ်ခုမှာ အလည်ဗီဇာ ကိုင်ဆောင်ပြီး liveလွှင့် ဈေးရောင်းချနေတဲ့ တရုတ်နိုင်ငံသား ၁၃ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
အဲဒီ တရုတ်နိုင်ငံသား တွေ ကို ထိုင်းဥပဒေအရ အရေးယူပြီးစီးတာနဲ့ ဗီဇာပိတ်သိမ်းပြီး နေရပ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
 
အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိတဲ့ အလုပ်သမားတွေကို ငှားရမ်းခိုင်းစေတဲ့ အလုပ်ရှင်ကိုလည်း ဘတ် ၁၀,၀၀၀ ကနေ ဘတ် ၁၀၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး အလုပ်သမား ငှားရမ်းခွင့် ၃ နှစ် ပိတ်သိမ်း ခံရမယ်လို့လည်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
 
ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးစားတွေကို နိုင်ငံခြားသား အလုပ်သမားတွေ ဝင်ရောက် လုပ်ကိုင်မှု မရှိဖို့ စစ်ဆေးတာတွေ အရှိန် တိုးမြှင့်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026