စင်္ကာပူနိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လုပ်ငန်းကို ဆောင်ရွက်ပေးရာတွင် အသက် (၆၅)နှစ်နှင့်အထက်ရှိသူနေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သူများ (IPA letter ပါရှိသူ) နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း (၆) လအောက် ကျန်ရှိနေသူတွေကိုသာ walk-in စနစ်ဖြင့် ဆောင်ရွက်ပေးမယ်လို့ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ဖေဖေါ်ဝါရီ ၁၀ ရက်မှာ အသိပေးကြေညာထားပါတယ်။
မြန်မာ သံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ချင်သူတွေအတွက် whatapps ဖြင့်ရက်ချိန်းရယူ၍ ရက်ချိန်းရတဲ့နေမှာ လာရောက်သက်တမ်းတိုးလုပ်ငန်း လုပ်ကိုင်စေသလို နိုင်ငံကူးလက်မှတ်အရေးပေါ် သက်တမ်းတိုး အရေးပေါ် လိုအပ်နေသူတွေကို (စာရွက်စာတမ်းအထောက်အထားဖြင့်) walk-in စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းတွင် whatapps ဖြင့်ရက်ချိန်းရယူခြင်း မပြုဘဲ walk-in စနစ်ဖြင့် သက်တမ်းတိုးသူ များလာတဲ့ အတွက် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေညဖြစ်သလို နိုင်ငံကူးလက်မှတ်ကို နေ့ချင်းပြီး ထုတ်ပေးရတာမှာလည်း မြန်မာသံရုံး တွင် ဝန်ထမ်းအင်အား၊စက်ကိရိယာအေခြနေနဲ့သံရုံးအတွင်း နေရာ အကန့်အသတ်တို့ကြောင့် မလိုလားအပ်တဲ့နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်ပေါ်ရတယ်လို့ မြန်မာသံရုံးက ကြေညာထားပါတယ်။
ဒါကြောင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုသူတွေ အတွက် whatapps ဖြင့် ရက်ချိန်းရရှိထားသည့် နေ့ရက်၌သာ သံရုံးသို့ လာရောက်သက်တမ်းတိုး ရန် နဲ့ အသက် (၆၅)နှစ်နှင့်အထက်ရှိသူနေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သူများ (IPA letter ပါရှိသူ) နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း (၆) လအောက် ကျန်ရှိနေသူတွေကိုသာ walk-in စနစ်ဖြင့် ဆောင်ရွက်ပေးမယ်လို့ သံရုံးကအသိပေးကြေညာထားပါတယ်။









