NEWS

နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ စလစ်ရပြီး စာအုပ်မထွက်သူများနေ

CoverLogo
351 Views
 
နိုင်ငံကူးလက်မှတ် လျှောက်ထား ဖို့ ယခင်ထက် ရက်ချိန်းရရှိမှု မြန်လာပေမယ့် နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ လုပ်ငန်းစဉ်ပြီးစီး ကြောင်း စလစ် ရရှိ ပြီး စာအုပ် မရရှိ သူတွေ များနေတယ်လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးသူတွေထံမှသိရပါတယ်။
 
နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေထဲမှ CDM ဝန်ထမ်းရဲ့ နာမည် နဲ့ ဆင်တူနေသူတွေ မိဘက အစိုးရဝန်ထမ်း ဖြစ်နေသူတွေ အများဆုံး စာအုပ်မရရှိတာလို့သိရပါတယ်။
 
""ညီမ က ၈လပိုင်း၂၁ ရက်ကရန်ကုန်ရုံးမှာ စာအုပ်ဝင်လုပ်တာ ၁၀ ရက်ပြည့်လို့ စာအုပ်သွားထုတ်တော့ CDM လုပ်ထားသူနဲ့ နာမည်တူနေလို့ စာအုပ်မထုတ်ပေးဘူး စာအုပ်ရချင်ရင် ကိုယ်နေတဲ့ မြို့နယ်က ရပ်ကွက် ရဲစခန်း ထောက်ခံစာတွေ ယူလာရမယ်ပြောတယ် ထောက်ခံစာယူဖို့ က နယ်မှာက မငြိမ်းချမ်းတော့ လုပ်မရသေးဘူး ထောက်ခံစာရရင် လည်း ထုတ်ပေးပါမလားမသိဘူး လူငယ်တွေ ပြည်ပမသွားအောင် အမျိုးမျိုး ပိတ်နေတာ""လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတစ်ဦးကပြောပါတယ်။
 
အခုလို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အကြောင်းအမျိုးမျိုးပြပြီး ကန့်သက်တာတွေကြောင့် နိုင်ငံကူးလက်မှတ်လျှောက်ထား သူတွေ မှာ စလစ်ရရှိ ပေမယ့် ကျိန်းသေပေါက် စာအုပ်ရရှိမယ်လို့ သတ်မှတ်လို့ မရ ဖြစ်နေတယ်လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု အတွက် ဝန်ဆောင်မှုပေးသူတွေကပြောပါတယ်။
 
""အခုက စလစ်ရပြီးစာအုပ်ကျိန်းသေပေါက်ထွက်မယ်ပြောမရတော့ဘူး CDM နာမည်နဲ့တူလို့ စာအုပ်မထွက်တာတွေ အိမ်ထောင်စုဇယားမှာ မိဘ က အစိုးရဝန်ထမ်း ဆိုရင် စာအုပ်မထွက်တာတွေ တချို့ကျတော့ ကိုယ့်မှတ်ပုံတင်နဲ့ တခြားတစ်ယောက်ကစာအုပ် လုပ်ထားတာတွေ ကြောင့် စာအုပ်မထွက်တာတွေရှိတယ် QR တင်ပြီး ရက်ချိန်းရတာ မြန်ပေမယ့် အခုလို ကိစ္စတွေကြောင့် စာအုပ်မထွက်တာတွေလည်းများတယ်""လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု အတွက် ဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။
 
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှအကြောင်းအမျိုးမျိုးနဲ့စာအုပ်မထွက်တဲ့သူတွေကို သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် ရုံးတွေ ရဲ့ ထောက်ခံစာတွေ ဌာနဆိုင်ရာရဲ့ထောက်ခံစာ တွေ တောင်းယူခိုင်းပြီး တင်ပြနိုင်သူ ထဲမှ အချို့ကိုတော့ စာအုပ်ထုတ်ပေးတယ်လို့ သိရပါတယ်။
 
""CDM အမည်တိုက်တွေ မှတ်ပုံတင် တိုက်တွေ ဆိုရင်တော့ သူတို့တောင်းတဲ့စာရွက်စာတမ်းသက်ဆိုင်ရာထောက်ခံစာတွေ ပြပြီး ထုတ်ရင် စာအုပ်ရတယ် နာမည်စာရင်း Black list ထဲဝင်နေရင် တော့ လုံး၀မရဘူးမိဘ က အစိုးရဝန်ထမ်း ဒါမှမဟုတ်စစ်မှုထမ်း လို့ အိမ်ထောင်စုမှာပါနေရင် သူတို့လုပ်တဲ့ဌာနရဲ့ ထောက်ခံစာလိုတယ် အဲ့ထောက်ခံစာကလည်းရဖို့မလွယ်တော့ စာအုပ်မထွက်ဘူးပေါ့ဒါကြောင့် အကြံပေးချင်တာက မိဘတွေက အစိုးရဝန်ထမ်းလို့ အိမ်ထောင်စုစာရင်းထဲရေးထားရင် ပတ်စပို့လုပ်ချင်သူက အခြားအိမ်ထောင်စုစာရင်းထဲ ပြောင်းပြီး စာအုပ်လုပ်ဖို့လျှောက်ရင်ပိုအဆင်ပြေတယ်""လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲနီးစပ်သူတစ်ဦးကပြောပါတယ်။
 
စစ်ကောင်စီ အနေနဲ့ ပြည်တွင်းမှာနေတဲ့ လူငယ်တွေ ကို ပြည်ပသွားရောက် ခွင့် တွေကို နည်းအမျိုးမျိုးနဲ့ ကန့်သက်ပိတ်ပင်တာတွေ လုပ်ဆောင်လာတာမှာ နိုင်ငံကူးလက်မှတ် ရရှိမှု ခက်ခဲအောင် ပြုလုပ်ထားတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026