NEWS

နားရက်မရှိအလုပ်ဆင်းရပြီး အချိန်ပိုကြေး မပေးသဖြင့် မြန်မာအလုပ်သမား ၁၀၀ ကျော် အလုပ်သမား ရုံးကိုတိုင်ကြား

CoverLogo
428 Views

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ချွန်ပူလီမြို့ရှိ (မီးကြိုး) စက်ရုံ မှာ အလုပ် လုပ်နေတဲ့ မြန်မာ အလုပ်သမား ၁၀၀ ကျော် မှာ နားရက်မရှိ အလုပ်ဆင်းရပေမယ့် အချိန်ပိုကြေးမရတာကြောင့် အလုပ်သမားရုံး(ဆဝါဒီကန်ရုံး) ကို တိုင်ကြားထားတယ်လို့ ၎င်းအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။ 

၎င်းစက်ရုံ ရှိ မြန်မာအလုပ်သမား ၁၀၀ ကျော်မှာ MOU၊ PJစာအုပ်နဲ့ CI စာအုပ် ကိုင်ဆိုင်ထားသူတွေ ဖြစ်ကာ စက်ရုံ မှာ အလုပ် လုပ်သက် ၃နှစ် မှ ၄နှစ် အထိ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

စက်ရုံ မှာ  အလုပ်စဆင်း တဲ့ အချိန်က တော့ သူဌေးဖြစ်သူ  မှ  တစ်ပတ်လျှင် နားရက်တစ်ရက်ရှိတယ်လို့ ပြောခဲ့ပေမယ့်  တနင်္ဂနွေ ရုံးပိတ်ရက် မပိတ်တဲ့ အပြင် အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုကြေးမပေးကြောင်းအစိုးရရုံးပိတ်ရက် တွေလည်း မပိတ်ဘဲ အလုပ်ဆင်းရကာ  အလုပ်စဝင်ကတည်းက နားရက်များမရှိဘဲ နေ့ရက်ဆက်တိုက်ဆင်းရတယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။ 

ဒါ့အပြင် အလုပ်သမားတွေ မှ   နေမကောင်းသဖြင့်အလုပ်နားရက်ယူရန်  ခွင့်တိုင်ဖို့ပျက်ကွက်ပါက ဒဏ်ငွေ ဘတ် ၃၀၀ဆောင်ရတယ်လို့ ဆိုပါတယ်။ 

အခုလို အလုပ်သမား အခွင့်ရေး ချိုးဖောက်ခံနေရတဲ့ အတွက် မြန်မာအလုပ်သမားတွေ က WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူညီတောင်းခံ ပြီး နယ်မြေခံအလုပ်သမားရုံး(ဆဝါဒီကန်ရုံး)မှာ အလုပ်ရှင် သူဌေး ကို ဖေဖေါ်ဝါရီ ၃ရက်နေ့ တိုင်ကြားထားတယ်လို့ သိရပါတယ်။ 


Related posts

Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026