NEWS

နယ်စပ်ဖြတ်ကျော်လို့ ၁၅ ရက်အတွင်း မြန်မာ ၅၀၀ ခန့် အဖမ်းခံရ

CoverLogo
330 Views
 
စက်တင်ဘာလ ၁ရက် မှ ၁၅ရက် အတွင်း ထိုင်းနိုင်ငံကို အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား အယောက် ၅၀၀ ခန့်ရှိ ကြောငး အဖမ်းဆီးသတင်း စာရင်း စုစည်းချက်အရသိရပါတယ်။
 
စက်တင်ဘာ ၁ ရက်က မဲဆောက်တွင် ၁၉ဦး၊စက်တင်ဘာ၂ရက် က ကန်ချနဘူရီတွင် ၃၉ဦးတစ်ကြိမ်၊ ၄၃ဦးတစ်ကြိမ်၊စက်တင်ဘာ ၃ ရက်က တာ့ခရိုင်အတွင်း ၇၁ဦး၊ စက်တင်ဘာ၄ရက်က ကချနဘူရီ သောင်ဖာပွန်တွင် ၄၃ဦး၊ စက်တင်ဘာ၅ရက်ကသောင်ဖာပွန် တွင် ၁၁ဦး၊ စက်တင်ဘာ၈ရက် က ကန်ချနဘူရီ တောအုပ်အတွင်း မှာ ၇၅ဦး၊စက်တင်ဘာ၁၁ရက်က လောင်ခွမ်ခရိုင် ကြံခင်းအတွင်း ၅၆ဦး၊စက်တင်ဘာ၁၂ရက်က ကန်ချဘူရီခရိုင်မှာ ၁၁ဦး နဲ့သောင်ဖွန်မြို့နယ် အနီး ၂၁ဦး၊စက်တင်ဘာ၁၄ရက်က ၇၀ဦး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
 
မြန်မာလုပ်သား တွေ အဖမ်းခံရတဲ့ ဖြစ်စဉ်တွေမှာ ခေါ်ဆောင်ပေးတဲ့ ပွဲစားတွေကို ဘတ် ၁၅၀၀၀ မှ ၃၀၀၀၀ အထိပေးရပေမယ့် မြန်မာလုပ်သား အုပ်စုလိုက်တွေကို ပွဲစားတွေက ပစ်ထားခဲ့လို့ ဒေသခံတွေက တွေ့ရှိ တိုင်ကြားတဲ့အတွက် အဖမ်းခံရတာတွေဖြစ်တာကို တွေ့ရပါတယ်။
 
""ပြည်တွင်းမှာ အခြေနေမကောင်းလို့ ထိုင်းဘက်လာမယ်ဆိုလည်း သေချာ လေ့လာပြီး လာစေချင်တယ် အခုက အဖမ်းခံရရင် အုပ်စုလိုက်ကြီးတွေ ကားတွေထဲ ကြပ်ညှပ်ပြီး ထည့်ခေါ်လာတာတွေ အခန့်မသင့်ရင် အသက်အန္တရာယ်ပါရှိနိုင်တယ် ပွဲစားတွေအနေနဲ့လည်း ကိုယ်ပိုက်ဆံရပြီးရော ဖြစ်ချင်ရာဖြစ်ဆိုသလိုမလုပ်ပါနဲ့ ကိုယ့်နိုင်ငံတွင်းမှာ ဒုက္ခရောက်လို့ ရှိတာလေးထုခွဲရောင်းချပြီး လာကြရတာ ကိုယ်ချင်းစာစိတ်ထားကြပါ""လို့ မြန်မာလုပ်သားအရေးကူညီသူတစ်ဦးကပြောပါတယ်။
 
စက်တင်ဘာ ၁၃ ရက်က လည်း ထိုင်းငံအတွင်း သို့ ရေကြောင်းကနေ ဝင်ရောက်တဲ့ မြန်မာလုပ်သား ၂၂ဦးပါ စက်လှေ တိမ်းမှောက်ပြီး လုပ်သား၃ဦးရဲ့ ရုပ်အလောင်း ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ပေမယ့် ကျန်၁၉ဦး တော့ပျောက်ဆုံးနေတယ်လို့သိရပါတယ်။
 
အခုလို ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် လို့ အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ပြစ်ဒဏ်ချမှတ်ပြီး လွတ်မြောက်ပါက မြန်မာနိုင်ငံစစ်ကောင်စီထံ လွှဲပြောင်း ပေးနေတာဖြစ်ပါတယ်။
 
စစ်ကောင်စီ ထံ ပြန်ပို့ခံရတဲ့ လူငယ် အမျိုးသား အမျိုးသမီး တွေ ကို စစ်ကောင်စီ က စစ်မှုထမ်းဖို့ အတင်း အဓမ္မ ခေါ်ဆောင်သလို စစ်မှုမထမ်းလိုပါက မိသားစုတွေမှ ငွေဖြင့် လာရောက်ရွေးထုတ်ရတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ဩဂုတ် လ အတွင်း မှာလည်း ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ ဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၉၀၀ နီးပါးရှိကြောင်း ထိုင်းသတင်းတွေအရသိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026