NEWS

နယ်စပ်ဖြတ်ကျော်လာပြီး တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာလုပ်သား ၁၀၀ ဦးအဖမ်းခံရ

CoverLogo
389 Views
 
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် အတွင်းရှိ တောတွင်းတနေရာမှာ အထောက်အထားမပါဘဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ပုန်းအောင်းနေတဲ့ မြန်မာလုပ်သား ၁၀၀ ဦး ကို ဩဂုတ်လ ၂၅ရက် မွန်းလွဲ ပိုင်းက ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။
 
Khao Laem National Park မှ တာဝန်ရှိသူတွေဟာ သစ်တောအတွင်း ခြေရာများစွာကို ရှာဖွေတွေ့ရှိတဲ့အတွက် စိစစ်ရှာဖွေရာမှာ Chong Ua ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ၅-၆ ကီလိုမီတာအကွာရှိ ရေကန်အနီးတောင်ခြေမှာ မြန်မာနိုင်ငံသား ၁၀၀ ဦး ကိုတွေ့ရှိခဲ့တာလို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အမျိုးသား ၆၂ ဦးနဲ့ အမျိုးသမီး ၃၈ ဦးတို့ ကို ခရီးဆောင်အိတ်နဲ့အတူ တွေ့ရှိရပြီး ပဏာမ စုံစမ်းစစ်ဆေးမှုမှာတာ့ တရားမ၀င် ပစ္စည်း ပါလာတာမရှိဘူးလို့ ဆိုပါတယ်။
 
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မြန်မာနိုင်ငံရှိ မြို့အများအပြားကနေ လာရောက်ကြသူတွေ ဖြစ်ပြီး ဖရားသွန်စုခရိုင်မှာ ဆုံစည်းကြကြောင်း ထို့နောက် မြန်မာလမ်းပြတစ်ဦးက ၎င်းတို့ကို သဘာဝလမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ခြေလျင်ပို့ဆောင်ခဲ့တယ်လို့ စကားပြန်ကတဆင့်စစ်ဆေးတာမှာ မြန်မာလုပ်သားတွေက ထွက်ဆိုတယ်လို့ သိရပါတယ်။
 
၎င်းတို့ဟာ ထိုင်းအတွင်းပိုင်း ရှိ ပြည်နယ်တစ်ခု ခု မှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ့် ကားကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းမခံရတဲ့အချိန်ထိ လေးရက်ကြာ စစ်ဆေးရေးဂိတ်အသီးသီး ကို တိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။
 
မြန်မာလုပ်သားတွေကို Sangkhlaburi ရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီးနောက် တာဝန်ရှိသူတွေ က ထိုင်းနိုင်ငံအတွင်း တရားမ၀င်ဝင်ရောက်ရန် ဆောင်ရွက်ပေးခဲ့သူတွေကို ဥပဒေအရ ဖော်ထုတ်အရေးယူနိုင်ရန် သက်သေအထောက်အထားများ စုဆောင်းသွားမည်ဖြစ်ကြောင်း ဖမ်းမိတဲ့ မြန်မာလုပ်သားတွေကို မူလနိုင်ငံသို့ ပြန်ပို့မယ်လို့သတင်းမှာဖေါ်ပြထားပါတယ်။
Ref-Naewna News

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026