NEWS

နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု

CoverLogo
347 Views
 
ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော် ကို ပထမဆုံး အသုတ်အနေနဲ့ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့်ပေးမယ်လို့ အလုပ်အကိုင်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Pichet Thongphan ကပြောပါတယ်။
ထိုင်းနိုင်ငံ တာခ့်၊ မယ်ဟောင်ဆောင်၊ ကန်ချနဘူရီနဲ့ ရတ်ချာဘူရီ ပြည်နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားအဖြစ် စတင်လုပ်ကိုင်ခွင့်ပေးပြီး တစ်နှစ်အထိ အလုပ်လုပ်ခွင့်ရမယ်လို့ သိရပါတယ်။
 
အလုပ်အကိုင်ဦးစီးဌာနရဲ့ စစ်တမ်းအရ နယ်စပ်၊ မြန်မာဒုက္ခသည်စခန်းတွေမှာ အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြား လုပ်သား ၄၂,၆၀၁ ဦးရှိပြီး ၎င်းတို့ထဲမှ လျှောက်ထားသူ ၁၂,၀၀၀ ဦးဟာ ချက်ချင်းအလုပ်ဆင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း မြန်မာစစ်ရှောင် များ ကိုပထမဆုံး အလုပ်လုပ်ခွင့်ပြုတာ နဲ့ပက်သက်ပြီးထိုင်းနိုင်ငံနဲ့ပြည်ထဲရေးဝန်ကြီးဖြစ်သူ အနုတင်ချာန်ဗီရာက""ဒီလုပ်သားတွေဟာ တရားဝင် လုပ်သားတွေ ဖြစ်တဲ့ အတွက် ကာကွယ်ပေးထားမှာပါ အလုပ်ရှင်တွေ အနေနဲ့ ဥပဒေနဲ့အညီ အပြည့်အ၀ စောင့်ရှောက်ပေးရမှာဖြစ်ပြီး လူမှုဖူလုံရေး ၊သက်မွေးဝမ်းကျောင်းမှုအရည်သွေး၊အာမခံနဲ့ရန်ပုံငွေစတဲ့ အကျိုးခံစားခွင့်ကို အပြည့်အ၀ပေးရမယ်လို့""အလေးထားပြောကြားခဲ့ပါတယ်။
 
ထိုင်း အလုပ်ရှင် ၆၁၅၂ ဦးဟာ လည်း အလုပ်သမားရှာဖွေနေပြီး အလုပ်ရှင် ၁၂၀၀ က အလုပ်သမားဌာနသို့ အကြောင်းကြားထားကြောင်း နဲ့ ထိုင်းရှိ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွင့်များတွင် အလုပ်သမားများ လိုအပ်ချက်မြင့်မားနေတယ်လို့သိရပါတယ်။
 
လုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်နိုင်မယ့် အလုပ်အမျိုးအစား ၂၇ မျိုးကလွဲပြီး ကျန်လုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်ပြီး အဓိက စည်းကမ်းချက်တွေကတော့ လုပ်သားတွေဟာ မှတ်ပုံတင်ထားတဲ့နေရပ်လိပ်စာ ရှိရမှာ ဖြစ်ပြီး
သတ်မှတ်ထားတဲ့ အတိုင်းတာဝန်ရှိသူတွေက်ု အစီရင်ခံရမှာဖြစ်ကြောင်း သိရပါတယ်။
 
Ref- The Reporter ,Nation Online

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026