NEWS

နစ်နာကြေးတစ်နှစ်စာမပေးတဲ့အပြင်အလုပ်သမားခေါင်းဆောင်တွေကိုဖိအားပေးအလုပ်ထုတ်နေတဲ့အတွက်ထိုင်းနိုင်ငံ INNOVATIVE GLOVES လက်အိတ်စက်ရုံကိုမြန်မာလုပ်သားတွေဆန္ဒပြ

CoverLogo
969 Views

ထိုင်းနိုင်ငံတောင်ပိုင်း၊ စုန်ခလာခရိုင်၊ ဟတ်ယိုင်နယ်မြေရှိ INNOVATIVE GLOVES လက်အိတ်စက်ရုံတွင် အလုပ်ရုံမန်နေဂျာမှ အလုပ်သမားခေါင်းဆောင်များအား ဖိအားပေးအလုပ်ထွတ်ခိုင်းသည့်အတွက် အလုပ်သမားမျာစုပေါင်းဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးကူညီပေးနေတဲ့ MWRN အဖွဲ့ထုတ်ပြန်ပါတယ်။

၄င်းအလုပ်ရုံတွင် ပထမအကြိမ်စုပေါင်းတောင်းဆိုမှုတစ်ခုဖြစ်ခဲ့ပြီး လုပ်အားခအပြည့်အဝမရခဲ့သည့်အတွက် နောက်ကြောင်းပြန် လျော်ကြေးတနှစ်စာပြန်ပေးရန်တောင်းဆိုတိုင်ကြားထားမှု နှင့်ပတ်သက်ပြီး အလုပ်ရုံဖက်မှ အလုပ်သမားများနားမလည်သည့် ဘာသာစကားဖြင့် အတင်းလက်မှတ်ထိုးခိုင်းကာအလုပ်သမားခေါင်းဆောင်များအား အလုပ်မှထုတ်ရန် ဖိအားပေးခြင်းဖြစ်တယ်လို့လဲ MWRN ကဖော်ပြပါတယ်။

အဆိုပါဆန္ဒပြမှု့ကြောင့် အလုပ်သမားများမှ စုပေါင်းတောင်းဆိုမှုပြုလုပ်ခဲ့ရာ အလုပ်သမားခေါင်းဆောင်များအား အလုပ်မထုတ်ရန် သဘောတူညီမှုရရှိခဲ့​ပြီး
၄င်းဖြစ်စဥ်နှင့် ပတ်သက်၍ MWRN ( ဟတ်ယိုင်)အဖွဲ့မှ အနီးကပ်စောင့်ကြည့်ကူညီပေးခဲ့တယ်လို့လဲသိရပါတယ်။

MWRN အနေနဲ့ နောက်ကြောင်းပြန်လျော်ကြေးတနှစ်စာကိုလည်းခံစားခွင့်ရရှိအောင် ဥပဒေအရ ဆက်လက်ကူညီပေးသွားမည်ဖြစ်ပြီး  ၄င်းနောက်ကြောင်းပြန်လျော်ကြေးတနှစ်စာမှာ အလုပ်သမားအားလုံးအတွက် ဘတ်လေးသန်းကျော်ဖြစ်တယ်လို့လဲဆိုပါတယ်။

Photo-MWRN


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025