NEWS

ဒေးကြေး ၁၃၀၀၀ ကျပ်သို့ တိုးမြှင့်ရေး Rum Yang လုပ်သားတွေ ၄ ရက်မြောက်တောင်းဆို

CoverLogo
395 Views
 
ကုန်စျေးနှုန်းကြီးမြှင်လာမှုကြောင့် လုပ်ခလစာ ဒေးကြေးတစ်သောင်းသုံးထောင်ကျပ် တိုးမြှင့်ပေးဖို့ Rum Yang (Myanmar) အထည်ချုပ် စက်ရုံလုပ်သားတွေဟာ ဇွန်လ (၁၁)ရက်က စက်ရုံ HR ရုံးရှေ့မှာ စုပေါင်းတောင်းဆိုကြတာဖြစ်ပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံ လုပ်သားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့ စတုတ္ထမြောက်နေ့ စုပေါင်းတောင်းဆိုနေကြတာပါ။
 
TEERANOVA ၊ AMISU အမှတ် တံဆိပ် တွေချုပ်လုပ်နေတာ ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့က စတင်ကာ အနည်းဆုံး လုပ်ခ တစ်သောင်းသုံးထောင် ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာပါ။
 
တောင်းဆိုချက် အရ (၁) Day ကြေး တစ်သောင်းသုံးထောင် ကျပ်တိုးပေးရန် (၂) OT ကြေး နှစ်ထောင်ငါးရာ ကျပ် တိုးပေးဖို့နဲ့ (၃) ရက်မှန်ကြေး ခြောက်သောင်း ကျပ်တို့ကို တိုးမြှင့်ပေးဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်။
 
စုပေါင်းတောင်းဆိုတဲ့နေ့ ဒုတိယမြောက်နေ့မှာ စက်ရုံစူပါတွေ အလုပ်သမား ငါးဆယ်ဦးကို စက်ရုံထဲဆွဲခေါ်ကာ လက်မှတ်ရေးထိုးခိုင်းတာတွေရှိပြီး လက်ရှိ တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ တရားဝင် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးတာတွေ မရှိဘဲ စုပေါင်းတောင်းဆိုတဲ့ လုပ်သားတွေကို စက်ရုံအတွင်းပေးမဝင်တာတွေ ရှိပါတယ်။
 
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းနှင့် လူနေမှုစရိတ်မြင့်မားလာသည့်အတွက် လက်ရှိ သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာသည် စက်ရုံလုပ်သားများ စားဝတ်နေရေးအတွက်ဖူလုံမှုမရှိတော့သည့်အတွက် အခြေခံစက်ရုံလုပ်သားများသည် အခြေခံလုပ်ခလစာ တိုးမြင့်ရေးအတွက် တောင်းဆိုမှုတွေများ လာပါတယ်။
 

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026