NEWS

ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး

CoverLogo
39 Views

Sun Rise Fashion စက်ရုံအငြင်းပွားမှု တိုင်းဦးစီးအရာရှိများ ကြားဝင်ညှိနှိုင်းသော်လည်း မပြေလည်၊ အလုပ်သမားအများစု ဆက်လက်တောင်းဆိုနေတယ်လို့ သိရပါတယ်။ 

"စက်မှူဇုန် စီမံခန့်ခွဲရေး ရုံးတွင် Sunrise Fashion Myanmar အထည်ချုပ်စက်ရုံ မှ တောင်းဆိုမှူ ကို တိုင်းအလဆ ဦးစီး မှ ဦးဆောင်ညှိနှိုင်းခဲ့ပြီး  တချို့ တချက်များကို သဘောတူညီမှူ ရခဲ့သော်လည်း နှစ်ဘက်သဘောတူစာချုပ် ချုပ်သည့်အဆင့်ထိ ရောက်အောင် မညှိနှိုင်း နိုင်ခဲ့ဘူး"လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM က ထုတ်ပြန်ထားပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ၄၊ ကျောက်စိမ်းလမ်းရှိ Sun Rise (Myanmar) Fashion အထည်ချုပ်စက်ရုံ မှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး BURTLE, ZEROSTAGE အမှတ်တံဆိပ်တွေချုပ်လုပ်နေတာပါ။

လုပ်သမားများ၏ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုဟာ ဧပြီ ၂၄ ရက်ကနေ ယနေ့ မေလ ၆ ရက်နေ့ထိ ၁၃ ရက်ကြာမြင့်ပြီဖြစ်ပါတယ်။ 

အလုပ်သမားတွေရဲ့ အဓိကတောင်းဆိုချက်တွေကတော့ တရက်လုပ်ခ ၁၅၀၀၀ ကျပ် ပေးချေရန်၊ ရက်မှန်ကြေးကို ၆၀၀၀၀ ကျပ် ပေးရန် ၊ နှစ်ကြေး ၅၀၀၀ ကျပ်ပေးရန် ၊ဂရိတ်ကြေး ကို ဂရိတ်အလိုက် ၂၀၀၀၀ ကျပ်စီတိုးပေးရန်၊ ဖစ်နစ်ရှင် ( အထည်စစ်) ဝန်ထမ်းများကို ဂရိတ်ကြေးတိုးပေးရန်နှင့် တန်းတူအလုပ်ဆုကြေးသတ်မှတ်ပေးရန် ၊ စူပါများအားလုံးကို တန်းတူလုပ်အားခသတ်မှတ်ပေးရန်၊ ဖယ်ရီကားမပေးနိုင်သည့်အလုပ်သမားများကို ခရီးစရိတ်ပေးရန် ၊ ချုပ်လုပ်နိုင်တဲ့စံချိန်ကိုသာညှိနှိုင်းတောင်းခံရန်၊ လုပ်ငန်းခွင်မှာ ဆဲဆို ခိုင်းစေခြင်းမလုပ်ရန်၊ အခြားဌာနသို့ ခိုင်းစေခြင်းမပြုရန်၊ နေ့စားဝန်ထမ်းကို လစားအဖြစ်သတ်မှတ်ပေးရန်၊ အချိန်ပိုလုပ်ကိုင်ရပါက အလုပ်သမားသဘောတူညီချက်ယူရန်၊ မန်နေဂျနှင့် အော်ကျဲကျဲကို အရေးယူရန် စတာတွေအပါ အချက် ၁၇ ချက်ကို တောင်းဆိုထားတာပါ။

အခုတောင်းဆိုချက်တွေကို ဖေဖော်ဝါရီလကတည်းက အကြံပြုစာအဖြစ် စတင်တောင်းဆိုခြင်း၊ မန်နေဂျာထံတွင်တောင်းဆိုခြင်း၊ ရုံးတွင်း တောင်းဆိုခြင်း များအဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာ စုပေါင်းတောင်းဆိုခြင်းဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အလုပ်သမားအငြင်းပွားမှုနဲ့ပတ်သက်ပြီး မေလ ၇ ရက် နေ့လည်မှာ မြို့နယ်အဆင့်ညှိနှိုင်းဖျန်ဖြေရေးမှာ ညှိနှိုင်းဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

မေ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာလည်း အလုပ်သမားသမဂ္ဂများနဲ့ အစုအဖွဲ့များက လုပ်ခလစာ မလုံလောက်တဲ့အတွက် အနည်းဆုံးလုပ်ခကို ကျပ် ၂၀၀၀၀ ကျော်ပေးရန် တောင်းဆိုထားကြပါတယ်။ 




Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026