NEWS

ဒေးကြေးပေးရာတွင် ခွဲခြားဆက်ဆံမှုများကြုံနေရ

CoverLogo
1K Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်လာခဲ့ပေမဲ့ အခြေခံအလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခကတော့ ကျပ် ၈၀၀ သာတိုးလာတာကြောင့် အလုပ်သမားထုရဲ့စား၀တ်နေရေးမလုံလောက်တဲ့ အခက်အခဲတွေရင်ဆိုင်နေရဆဲဖြစ်တယ်လို့ အလုပ်သမားများထံက သိရပါတယ်။ 

"လက်ရှိကုန်စျေးနှုန်းကကျသွားတယ်ဆိုတာမရှိဘူး တက်တက်လာတာပဲရှိပါတယ်။ ဆန်စျေး၊ စားဆီဆိုရင် တစ်ပိသာကို ၈၇၀၀ ပေးနေရတယ်။ ဒါတောင်မြေပဲဆီဆီကောင်းမဟုတ်သေးပါဘူး။  အဲလိုအစစအရာရာအကုန်စျေးတွေမြင့်တက်နေချိန်မှာ အလုပ်သမားတွေရဲ့လုပ်ခလစာတိုးတယ်ဆိုတာက တစ်နေ့မှကျပ် ၈၀၀ တည်းပါ။ အချိန်ပိုကြေးမှတစ်ရာကျပ်ပါ။ ဒါကလက်ရှိကုန်စျေးနှုန်းမြင့်တက်မှုတွေအရ ဘယ်လိုမှကိုက်ညီတဲ့နှုန်းထားမဟုတ်ပါဘူး”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 
 
လှိုင်သာယာမြို့နယ် ၊ရွှေလင်ဗန်းမီးသတ်အဝိုင်းနီး ၊ရွှေလင်ဗန်းစက်မှုဇုန်ကနောင်မင်းသားကြီးလမ်းရှိ ရွှေမြန်မာစံအထည်ချုပ်စက်ရုံမှာတော့ အလုပ်သမားတွေကို ဒေးကြေး ၅၆၀၀ ကျပ်ပေးတာရှိပေမယ့် အချို့ ကိုတော့ ၄၈၀၀ ကျပ်နှုန်းဖြင့်သာပေးချေနေတာတွေရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင့် စက်ရုံဘက်က တောင်းခံတဲ့ စံချိန်ကို အလုပ်ချိန်အတွင်း ပြည့်မီခြင်းမရှိပါက အချိန်ပိုဆင်းကာ ချုပ်လုပ်ပေးနေရပြီး အချိန်ပိုကြေး ပေးချေတာမရှိဘူးလို့သိရပါတယ်။ 

 "ကျန်တဲ့အလုပ်သမားတွေနဲ့စက်ချုပ်တွေတော့ရတယ်။ ဟက်ပါ HP တွေကိုတော့  ၄၈၀၀ ပဲပေးတယ်။ ၅၆၀၀ မပေးဘူး။ ၅၆၀၀ တောင် အကုန်လုံးတစ်ပြေးညီမပေးဘူး။ အလုပ်သမားတိုင်းကိုမပေးဘူးခွဲခြားပေးတယ်။ တစ်ကယ်တမ်းအနိမ့်ဆုံးလုပ်ခလစာဆိုတာက  အကုန်လုံးကိုတစ်ပြေးညီပေးရမှာပါ" လို့ အဲ့ဒီအလုပ်သမားများကိုကူညီပေးနေတဲ့ အလုပ်သမားရေးကူညီဆောင်ရွက်သူက ဆိုပါတယ်။ 

စက်ရုံမန်နေဂျာက ပြီးခဲ့တဲ့ မေ ၂၅  ရက်နေ့မှာ အလုပ်သမားများကို အစည်းအဝေးခေါ်ကာ  "အထည်စံချိန်မပြည့်သော အလုပ်သမားတွေအိုတီဆင်းပေး ရမယ် အခုခေတ်က သူဌေးခေတ် အလုပ်သမားတွေခေတ် မဟုတ်ဘူး" လို့ပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။ 

အလုပ်သမားများက အချိန်ပိုဆင်းပေးခဲ့ရပြီး အိုတီကြေးမရရှိခဲ့တဲ့အပြင် ဇူလိုင်၁၁ရက် ရက်နေ့ကလည်း အစည်းအဝေးထပ်မံခေါ်ယူပြီး စံချိန်မပြည့်ရင်အိုတီဆင်းပေးရမည် အိုတီမဆင်းနိုင်တဲ့ အလုပ်သမားများ အလုပ်ထွက်စာ တင်ပြီးအလုပ်ထွက်ကြဖို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

အထည်စံချိန်ကိုတစ်နေ့ထက် တစ်နေ့ပိုတောင်းလာပြီး စံချိန်မပြည်မီရင် အိုတီဆင်းရပြီး အိုတီကြေးယူပါက Ticket ကြေးမရဘူးဆိုကာအဓ္ဓမခိုင်းစေမှုများ နေ့စဉ်နဲ့ အမျှပြုလုပ်နေတယ်လို့  အလုပ်သမားများက ဆိုထားပါတယ်။ 

အဆိုပါစက်ရုံဟာ  ၂၀၂၃ ခုနှစ် ၅လပိုင်း ၁၅ ရက်တွင် အလုပ်စတင်ဖွင့်လစ်ခဲ့ပြီး အလုပ်သမား ၁၂၀ ခန့်ရှိကာ  အလုပ်သမားများ အလုပ်ခေါ်စာတွင်လည်း ဒေးကြေး၊ အိုတီကြေး၊ ရက်မှန်ကြေး၊ Gradeကြေး၊ Ticketကြေး ပေးမည်ဟု အလုပ်ခေါ်ခဲ့ပြီး အလုပ်သမားများ လစာထုတ်သည်အခါ ဂရိတ်ကြေးမရရှိခဲ့ပါ ၊ ဥပဒေပါခွင့်(သို့မဟုတ်)ခွင့်မဲ့ အလုပ်တစ်ရက်ပျက်ကွက်ပါက ရက်မှန်ကြေး၂၀၀၀၀ လည်းဖြတ်တောက်ခံရတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင်ဒေးကြေး ၅၆၀၀ ကျပ်တိုးပေးမယ်ဆိုပေမဲ့ helper ဝန်းထမ်းများကိုလည်း ခွဲခြားဆက်ဆံပြီး အခြားဝန်ထမ်းများနှင့် တပြေးညီ ဒေးကြေး ၅၆၀၀ ကျပ်မပေးခဲ့ဘူးလို့သိရပါတယ်။ 

အဆိုပါစက်ရုံက Slazenger ကုန်အမှတ်တံဆိပ်ချုပ်လုပ်​နေတာဖြစ်ပြီး အလုပ်သမားတွေရဲ့အခက်အခဲတွေကို  အထည်အပ်တဲ့ တုန်ယူဂါးမန် အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများကအမြန်ဆုံးကူညီဖြေရှင်းပေးဖို့ကို FGWM အဖွဲ့အစည်းကို  အကူအညီတောင်းလာခြင်းဖြစ်တယ်လို့သိရပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026