NEWS

ဒေးကြေးတိုးပေးဖို့ တောင်းဆိုနေတဲ့ Dishang Fashion (Myanmar)အလုပ်သမားတွေ ခြိမ်းခြောက်ခံရ

CoverLogo
392 Views
 
Dishang Fashion (Myanmar) အထည်ချုပ်တွင် လုပ်ခလစာ‌ ဒေးကြေးတိုးမြှင့်ရေးအပါအဝင် တောင်းဆိုချက်တွေကို အလုပ်သမားတွေကဆက်လက် တောင်းဆိုနေပြီး ခြိမ်းခြောက်မှုတွေကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
တောင်းဆိုမှုကို မေ ၁၉ ရက် နေပိုင်းမှာ စတင်ခဲ့ပြီး အလုပ်သမားတွေက လုပ်ငန်းခွင်ရပ်တန့် တောင်းဆိုနေတာလို့ ပြောပါတယ်။လုပ်ငန်းခွင်မှာအ လုပ်သမား ၉၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေပြီး တောင်းဆိုမှုအတွက် အလုပ်သမား ၄၀၀ ကျော်ပါဝင်တယ်လို့ ပြောပါတယ်။
 
လက်ရှိမှာတော့ အလုပ်သမားတွေငြိမ်းချမ်းစွာ အလုပ်ရပ်ဆန္ဒပြနေကြဆဲဖြစ်ပြီး မေ ၂၁ ရက်မှာ အရပ်ဝတ်များမှ စက်ရုံကို လာရောက်ပြီး ဦးဆောင်တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူသွားတယ်လို့ သိရပါတယ်။
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းကြီး မဟာမင်းခေါင်လမ်းမှာဖွင့်လှစ်ထားပြီး အလုပ်သမား ၉၀၀ ဝန်းကျင် နဲ့ ONLY , bestseller အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။
 
စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်ရှင်က တဖက်သက်ဖွဲ့စည်းထားတဲ့ WCC အဖွဲ့သာရှိတယ်လို့ ပြောပါတယ်။
 
အလုပ်ချိန်က မနက် ၇ နာရီ ၃၀ ကနေ ည ၇ နာရီ ၂၀ အထိ ဖြစ်ပြီး အချိန်ပို ၃ နာရီ ၃၀ လုပ်ရတယ်လို့ ပြောပါတယ်။ အချိန်ပိုကို တနင်္ဂနွေနေ့မှာပါ ပိတ်ရက်မရှိဆင်းရတာတွေရှိတယ်လို့ ပြောပါတယ်။
 
လုပ်ခလစာအနေဖြင့် ဒေးကြေး ၄၈၀၀ ကျပ်+ ထောက်ပံ့ကြေး ၂၀၀၀ ကျပ် + ရှာပါးစရိတ် ၃၂၀၀ ကျပ် စုစုပေါင်း ၁၀၀၀၀ ကျပ်နဲ့ အိုတီကြေး တနာရီ ၂၁၀၀ ကျပ် ရှင်းပေးပြီး ကျွမ်းကျင်ကြေး တစ်နေ့လျှင် A4 – ၅၀၀ ကျပ်, A3- ၇၀၀ ကျပ်, A2 ၁၁၀၀ ကျပ်, A1 ၁၆၀၀ ကျပ် သတ်မှတ်ထားပါတယ်။
 
ဒါကြောင့် မနားမနေလုပ်ကိုင်ရပေမယ့် စားဝတ်နေရေး မလောက်ငှတာကြောင့် အလုပ်သမားတွေဟာ မေ ၁၉ ရက်မှာ စတင်ပြီး လုပ်ခလစာတိုးပေးဖို့ လုပ်ငန်းခွင််မှာတောင်းဆိုမှုပြုလုပ်ခဲ့တာလို့ ပြောပါတယ်။
 
"တောင်းဆိုမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်အလုပ်သမားရုံးတွေကလည်း လာရှင်းပေးတယ်။ မပြေလည်ဘူး။ အလုပ်ရှင်က ရှားပါစရိတ်တိုင်မှာ ၅၀၀ ကျပ်နဲ့ ကျွမ်းကျင်အဆင့်လိုက် ၃၀၀ ကျပ် တိုးပေးမယ် ပြောတယ်။ “တိုင်းအလုပ်သမားရုံးကဆိုသူက ၂၀၂၅ခုနှစ်၊ မေလ၊ ၂၄ ရက်နေ့ စနေ့နေ့က လာတယ်။ မနက် ၁၀ နာရီခွဲလောက်ရှိမယ် မန်နေဂျာက ဦးဆောင်ဆွေးနွေးပေးနေသူတွေကို ခေါ်သွားတယ်။ ဟိုရောက်တော့ တိုင်းဦးစီးဆိုသူက အာဏာသုံးပြီး မင်းတို့က ဘာကောင်တွေလည်း ဆိုပြီး ဖိအားပေးပြောဆိုလုပ်ပြီး ဓာတ်ပုံတွေ ရိုက်ယူတယ်။ ကိုယ်ရေးအချက်အလတ်တွေကိုလည်း အလုပ်ရှင်စီက ယူကြည့်တယ်။ ယူသွားတယ်။” အလုပ်ရှင်တွေကလည်း ဒါကို ခွင့်ပြုပေးတယ်။ အမျိုးမျိုးလူတွေ စက်ရုံထဲ လာပြီး အလုပ်သမား ကိုယ်ရေးအချက်အလတ်တွေတောင်းတာကို ပေးတယ်၊ အလုပ်သမားကြတော့ ညှိနှိုင်းစဥ် ဖုန်းမယူရဘူး အလုပ်ရှင်နှင့် လာရောက်တဲ့ သူတွေကြတော့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြတယ်၊ ကြိမ်းမောင်းပြောဆို လုပ်တာတွေကို ခံနေရကြောင်းကို တောင်းဆိုနေသည့်အလုပ်သမားတစ်ဦးမှ ပြောပါတယ်။
 
Dishang Fashion အလုပ်သမားများအနေဖြင့် ၂၀၂၅ခုနှစ်၊ မေလ၊ ၁၉ ရက်နေ့ မှ စပြီးဒေးကြေး တိုင်အနေဖြင့် ယခင်ပေးထားသည်များကို ဒေးကြေးတိုင်ဖြင့်သာ ပေး၍ ၁၂၀၀၀ကျပ်သတ်မှတ်ပေးရန်။ ကျွမ်းကျင်ကြေး အဆင့်လိုက် ၁၀၀၀ ကျပ် တိုးပေးရန်၊ ရန်မှန်ကြေး ၂၀၀၀၀ ကျပ် တိုးပေးရန်၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီအဖွဲ့ပြန်ဖွဲ့ပေးရန်၊ အထည်စံချိန်များကိုပုံသေ သတ်မှတ်၍ ထပ်မံ့တိုးမတောင်းရန်၊ ဥပဒေပါခွင့်များပေးရန်နှင့် ဂိတ်ပတ်ယူလျှင် လျင်မြန်လွယ်ကူစေရန်၊ အစရှိသည့် တောင်းဆိုချက် (၁၂) ခုကို တောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026