NEWS

ဒေးကြေးတိုးပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ Tianjin Fashion Milestone Garment မှာ ညှိနှိုင်းမှု မရှိသေးဘဲ စစ်ကောင်စီတပ်သားတွေသာရောက်ရှိလာ

CoverLogo
626 Views
 
ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမားတွေ မေ ၁၆ ရက်မှာ စတင်ကာ လုပ်ငန်းခွင်ရပ်နားပြီး ဆန္ဒပြတောင်းဆိုနေ တာဖြစ်ပြီး ဒုတိယ မြောက်ရက် အထိ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းမှုမရှိသေးဘဲ လက်နက်ကိုင် စစ်သားတွေ သာရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
 
မေ ၁၆ ရက် ညနေ ၄ နာရီခန့်မှာ အလုပ်သမားရုံးက လူကြီးတွေ ရောက်ရှိလာပြီး အလုပ်ရှင်တွေနဲ့ ညှိနှိုင်းတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒုတိယမြောက်ရက်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်သားတွေ စက်ရုံရှေ့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ဆန္ဒပြတောင်းဆိုရာမှာ ပါတဲ့ အလုပ်သမားတွေကို အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် လုပ်ငန်းခွင်ကို မလာဖို့ WCC မှာပာတဲ့ သူက ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
အဆိုပါ လုပ်ငန်းခွင်က တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေ တာဖြစ်ပြီး အလုပ်သမားတွေက ခေတ်ကာလနှင့်လျော်ညီတဲ့ ဒေးကြေး သတ်မှတ်ပေးဖို့ နဲ့ ဒေးကြေး
အလိုက် အချိန်ပိုကြေးတိုးပေးဖို့ တောင်းဆိုနေတာပါ။ စက်ရုံ ၂ ရုံပေါင်း အလုပ်သမား ၁၀၀၀ ဝန်းကျင် ရှိပြီး VERO MODA အမှတ်တံဆိပ်ချုပ်လုပ်နေတာလို့ သိရပါတယ်။ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှု လက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတယ်လို့ ဆိုပါတယ်။
 
"ဒေးကြေး ၈၈၀၀ နဲ့က မိဘတွေကို ပြန်ပြီး မပံ့ပိုးနိုင်တော့ဘူး ဒီမှာလည်း စားဝတ်နေရေးအတွက် ကုန်ဈေးနှုန်းကတက်နေတာဆိုတော့ တယောက်ထဲတောင်အနိုင်နိုင် စားသောက်နေရတာ လစာက ၄ သိန်း ကျော် လောက်ပဲရတာ ကုန်ကျတာက အဆောင်လခက တလကို ၉ သောင်းလောက်ပေးရတယ် စားစရိတ်က ထမင်းစားတာပဲကို တလကို ၂ သိန်း ၂ သောင်းလောက်ကုန်တယ် ကျန်တဲ့ဟာက အသေးသုံးနဲ့ကုန်ရော ရွာကို ပြန်ရောက်တာက ၅ သောင်း ၁ သိန်းပဲရောက်တော့ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး ကျန်းမာရေးစရိတ်တွေ သွားလာရေးစရိတ်တွေလည်းရှိသေးတယ် အခုတောင်းထားတာက ၁၃၀၀၀ တောင်းထားတယ် အိုတီကြေးတွေ တိုးပေးဖို့ ၊ ၆ သိန်းခွဲလောက်ဆို အဆင်ပြေတယ် ဒါက တကိုယ်ရည်သမားအတွက်ပါ။ ချွေတာပြီး အိမ်ကိုပြန်ပို့ရတဲ့သူတွေဆို အဆင်မပြေဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
လက်ရှိမှာတော့ ဒေးကြေး ထောက်ပံ့ကြေး စုစုပေါင်း ၈၈၀၀ ကျပ် သာရရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ကြီးကြပ်သူတွေက အလုပ်သမားတွေကို ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခိုင်းစေတာ အထည်စံချိန် တဖက်သတ်သတ်မှတ်ပြီး အတင်းအကျပ်တောင်းခံတာနဲ့ တနင်္ဂနွေနေ့မှာ အချိန်ပို အတင်းအကျပ် ဆင်းခိုင်းပြီး ပိတ်ရက် အနားမပေးတာ ဆေးပေးခန်းမှာ ဆေးမရှိတာ စတဲ့ အခြေအနေတွေကြောင့်လည်း လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026