NEWS

ဒေါ်လာဈေး ငွေကျပ် ၃၀၀၀ နားအထိ စံချိန်တင်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေကမကျသေး

CoverLogo
270 Views
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
 
သီတင်းကျွတ်လရဲ့အစ ပထမတစ်ပတ်တာ ကုန်ဈေးနှုန်းအခြေအနေတွေကတော့ ဒီတစ်ပတ်မှာ သိသိသာသာ ကျဆင်းလာတာကတော့ ဒေါ်လာဈေးပါ။ အမေရိကန် ၁ဒေါ်လာဟာ ငွေကျပ် ၃၉၅၀ ပေါက်ဈေးအထိကို ဈေးကျလာနေပြီး ရွှေဈေးကတော့ပြီးခဲ့တဲ့ နှစ်ရက်ခန့်က ပြင်ပရွှေဈေး ၈၁သိန်းအထိဖြစ်သွားခဲ့ရာကနေ အခုတော့ ပြင်ပရွှေဈေး၇၉သိန်းကျော်နဲ့ ဈေးပြန်ကျလာတယ်လို့ ရွှေဈေးကွက်ကနေသိနေရပါတယ်။
ဒေါ်လာ၊ ရွှေဈေး ကျဆင်းမှုတွေရှိနေပေမယ့် ကုန်ဈေးနှုန်းကတော့ မြင့်တက်နေဆဲ ပဲဖြစ်ကာ ဝင်ငွေထွက်ငွေ မမျှတတဲ့အခြေအနေတွေကို လုပ်သားပြည်သူတွေကြုံနေရတုန်းပါ။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ က ကြေငြာခဲ့တဲ့ ဝန်ထမ်းတွေကိုအပိုထောက်ပံ့ကြေး ၃သောင်းတိုးမယ့်ကိစ္စရှိခဲ့ပေမယ့် ပြင်ပ ပုဂ္ဂလိက အလုပ်ရုံ၊ စက်ရုံတွေကတော့ အပိုဆောင်းတိုးမယ့်ငွေကြေးကိစ္စတွေလည်း ရှိကြောင်းမကြားရသေးလို့ လက်ရှိကုန်ဈေးနှုန်း ကြား အနည်းငယ်ကြပ်တည်းမှုတွေကိုတောင် မလျော့ချနိုင်သေးဘူးလို့ သိရပါတယ်။
ဒါကြောင့် စက်တင်ဘာ၂၇ရက်က စလို့ ယနေ့ အောက်တိုဘာ ၃ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
ယနေ့ အောက်တိုဘာ ၃ ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၈၃၀ကျပ် ၊ ၉၅ တစ်လီတာ ၂၈၉၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ၄၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၁၅ ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ အောက်တိုဘာ ၂ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၂၀ကျပ်၊ ၉၅ တစ်လီတာ ၂၉၈၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၈၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၇၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၉၅ ကျပ်နှုန်းနဲ့ ဒီဇယ်ဈေးက ၆၀ ကျပ်နှုန်းဖြင့်မဆိုသလောက်ဈေးကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကနေ ၃၂၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၉၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးထက်တော့ ငွေကျပ် ၁၀၀၀၀ နှုန်းဈေးတက်လာတာပါ။
 
ရွှေဈေးက ရွှေအသင်းရဲ့ဈေးသတ်မှတ်ချက်ဈေးမြင့်လာပေမယ့် ပြင်ပရွှေဈေးကတော့ နှစ်ရက်အတွင်းငွေကျပ် ၁သိန်းလောက်ကျဆင်းလာတယ်လို့ ရွှေဈေးကွက်ကနေသိရပါတယ်။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ မှာလည်း ဒေါ်လာဈေး ပြီးခဲ့တဲ့တစ်ပတ်တာကထက် စံချိန်တင်ဈေး ကျလာပါတယ်။ စက်တင်ဘာလလယ်က ငွေကျပ်၄၄၀၀အထိဖြစ်ခဲ့တဲ့အမေရိကန် ၁ဒေါ်လာရဲ့တန်ဖိုးဟာ ဒီကနေ့မှာ ငွေကျပ် ၃၉၅၀ အထိ ဈေးကျလာခဲ့တာပါ။
 
ဒေါ်လာဈေးကျရတဲ့ အခြေခံအကြောင်းအရင်းတွေထဲမှာ မြန်မာငွေမာလာလို့ နိုင်ငံခြားငွေဈေးကျတယ်ဆိုတာတွေထက် ကုန်သွယ်မှုအခြေအနေတွေကိုထိန်းချုပ်ထားတာကြောင့်လို့ သိရပြီး ဒေါ်လာဈေးအကျဘက်က ကြာရှည် ထိန်းထားနိုင်မှာမဟုတ်ကြောင်းတွေ နိုင်ငံခြားငွေကြေးဈေးကွက်အသိုင်းအဝိုင်းတွေကပြောနေကြတာပါ။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ အောက်တိုဘာ၃ ရက်မှာ ရောင်းဈေး ၃၉၅၀ကျပ်၊ ဝယ်ဈေး ၄၀၀၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၂ကျပ်ကျော်၊ ဝယ်ဈေး ၁၂၄ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၄၈ကျပ်၊ ဝယ်ဈေး ၅၆၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇၈နဲ့ဝယ်ဈေး၂၇၉ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၆၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၁၀၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာလည်းဈေးကျလာတာပါ။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၁၀ ကျပ်အဖြစ်စက်တင်ဘာ၂၉ရက်မှ အောက်တိုဘာ၅ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာက ဆီဈေးအတိုင်းပဲဈေးသတ်မှတ်ထားတာဖြစ်ပါတယ်။
 
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၂ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ကာ ဆန်အမျိုးအစားအလိုက် အမြင့်ဆုံးအတန်းအစားကနေ အနိမ့်ဆုံးအတန်းအစားအလိုက် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ကနေ ၂၀၀၀၀ ကြားဈေးတက်လာနေပါတယ်။
 
ယခင်တစ်ပတ်ကြာက ရွှေဘိုပေါ်ဆန်း တစ်ပြည် ၈၀၀၀ကျပ်ဟာ ယခုတစ်ပတ်မှာ တစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ဈေးခုန်တက်လာနေပါတယ်။ အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၅၀၀ကျပ်၊ ဘဲဥတစ်လုံး ၆၀၀ ကျပ်အထိ‌ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
 
ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၂၀၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဈေးကွက်ထဲက လူသုံးများတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆပ်ပြာမှုန့်၊ အချိုမှုန့် နဲ့ ပြည်ပကတင်သွင်းလာတဲ့ ဟင်ခတ်ပစ္စည်း အချို့ကတော့ လက်ရှိမှာ ပစ္စည်ပြတ်လပ်သွားသလို ပြည်တွင်းထုတ် တွေနဲ့အစားထိုးသုံးစွဲရာမှာလည်း ဈေးနှုန်းတွေက အရင်ထက် ၃ဆကနေ ၆ဆအထိတက်နေကြောင်းနဲ့ ပြည်ပကတင်သွင်းရတဲ့ ဆေးဝါးနဲ့ဆေးပစ္စည်းအချို့လည်း ဈေးတက်လာနေကြောင်း သိရှိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026