NEWS

ဒေါ်လာဈေးအနည်းငယ်ပြန်တက်၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းအတက်ဈေးနဲ့ပဲရှိနေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
290 Views
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
အောက်တိုဘာ ၁၀၊ ၂၀၂၅
 
ယခုတစ်ပတ်တာရဲ့ ကုန်ဈေးနှုန်း အခြေအနေကတော့ ပွင့်လင်းရာသီကို ရောက်ရှိလာတာနဲ့အညီ အရောင်းအဝယ်ဖြစ်မှုတွေ ဟာ အထိုက်အလျောက်ရှိလာတဲ့ကာလဖြစ်လို့ အမြဲလိုလို ကုန်ပစ္စည်းနဲ့ စားကုန်၊ သုံးကုန်များ ဈေးတက်လာတဲ့ကာလလည်းဖြစ်ပါတယ်။
 
ဒီကာလမှာ တော့ ယနေ့ရဲ့ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာရွှေ၊ ငွေ ဈေးကွက်အခြေအနေတွေအရ ယခင်ကုန်ခဲ့တဲ့ တစ်ပတ်တာနဲ့နှိုင်းယှဉ်ပါက ဒေါ်လာနိုင်ငံခြားငွေဈေးအနည်းငယ်ပြန်တက်လာကာ၊ ရွှေဈေးကတော့အကျမရှိအတက်ဈေးနဲ့ငြိမ်နေကာ ဆီဈေး အနည်းငယ်ကျဆင်းလာပါတယ်။
 
ဒါကြောင့် အောက်တိုဘာ ၄ ရက်က စလို့ ယနေ့ အောက်တိုဘာ ၁၀ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၇၃၀ကျပ် ၊ ၉၅ တစ်လီတာ ၂၈၀၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ၀၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၅၀ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ အောက်တိုဘာ ၉ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၈၃၀ကျပ်၊ ၉၅ တစ်လီတာ ၂၈၉၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၄၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၁၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၁၀၀ ကျပ်နှုန်း‌ ဈေးကျလာကာ နဲ့ ဒီဇယ်ဈေးက ၄၀ကျပ်နှုန်းနဲ့ဈေးပြန်တက်လာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၉၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးအတိုင်းမပြောင်းလဲပဲသတ်မှတ်ထားတာပါ။
ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက် ဟာ အတက်ဈေးနဲ့ပဲငြိမ်နေတာဖြစ်ပြီး ပြင်ပရွှေပေါက်ဈေးကတော့ ကမ္ဘာ့ရွေဈေးတက်နေချိန်မှာ ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို သိန်း၈၀ကျော်နဲ့ဈေးပေါက်နေပါတယ်။
ဒါဟာ ယခင်တစ်ပတ်တွေက တစ်ကျပ်သား၇၉သိန်းကျော်ထက် ဈေးမြင့်တက်လာနေတာလည်းဖြစ်ပါတယ်။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ အနည်းငယ် ပြန်တက်လာပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်တာက ငွေကျပ် ၃၉၀၀ ၀န်းကျင် အထိစံချိန်တင်ဈေး ကျခဲ့တဲ့ဒေါ်လာဈေးက အခုတစ်ပတ်ယနေ့‌ ငွေဈေး မှာတော့ ကန်တစ်ဒေါ်လာကို ငွေကျပ် ၄၀၀၀ အထိ အနည်းငယ်ဈေးပြန်တက်လာပါတယ်။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ အောက်တိုဘာ၁၀ ရက်မှာ ရောင်းဈေး ၄၀၀၀ကျပ်၊ ဝယ်ဈေး ၄၀၅၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၃ကျပ်ကျော်၊ ဝယ်ဈေး ၁၂၅ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၆၀ကျပ်၊ ဝယ်ဈေး ၅၇၅ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၆၁နဲ့ဝယ်ဈေး၂၆၁ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၁၁၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၁၅၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာလည်းဈေးပြန်တက်လာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၈၅ကျပ်အဖြစ်‌ေအာက်တိုဘာ၆ရက်မှ အောက်တိုဘာ၁၂ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာက ဆီဈေးထက် ၂၅ ကျပ် ဈေးကျလာတာပါ။
 
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ကာ ဆန်အမျိုးအစားအလိုက် အမြင့်ဆုံးအတန်းအစားကနေ အနိမ့်ဆုံးအတန်းအစားအလိုက် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ကနေ ၂၀၀၀၀ ကြားဈေးတက်လာနေပါတယ်။
 
ယခင်တစ်ပတ်ကြာက ရွှေဘိုပေါ်ဆန်း တစ်ပြည် ၈၀၀၀ကျပ်ဟာ ယခုတစ်ပတ်မှာ တစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ဈေးခုန်တက်လာနေပါတယ်။ အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ
၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေရှိနေပါတယ်။
 
ကြက်ဥ၊ ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
 
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း ၅၀၀ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀သားကို ငွေကျပ် ၁၂၀၀ နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး ၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ ကျပ်အထိဈေးရှိနေပါတယ်။
 
#အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
 
ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
#ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
#ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၂၀၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။
 
#အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး #ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဈေးကွက်ထဲက လူသုံးများတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆပ်ပြာမှုန့်၊ အချိုမှုန့် နဲ့ ပြည်ပကတင်သွင်းလာတဲ့ ဟင်ခတ်ပစ္စည်း အချို့ကတော့ လက်ရှိမှာ ပစ္စည်ပြတ်လပ်ရာကနေ တစ်စတစ်စ ပြန်တွေ့လာရနေရာ သွင်းကုန်ရှားပါးနေဆဲကာလဖြစ်လို့ ဈေးကတော့မြင့်တက်နေဆဲလို့သိရပါတယ်။
 
#ဆေးဝါးတွေအနေနဲ့လည်း နိုင်ငံခြားဆေးများ ဈေးတက်နေကာ ပြည်တွင်းထုတ်ဆေးများကလည်း ကုန်ကြမ်းပရဆေး ဈေးမြင့်လာတာတွေကြောင့် ဈေးတက်လာတော့မယ်လို့ အသိပေးလာတာတွေရှိနေပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026