NEWS

ဒီပါဝလီပွဲတော်နေ့ ကို တရားဝင်အလုပ်ပိတ်ရက် ဖြစ်ကြောင်း အသိပေးကြေညာထား

CoverLogo
346 Views
 
လာမယ့်‌ အောက်တိုဘာလ ၂၀ ရက်နေ့ (တနင်္လာနေ့)မှာ ကျရောက်တဲ့ ဒီပါဝလီပွဲတော်နေ့ ကို တရား၀င်အများပြည်သူရုံးပိတ်ရက်အဖြစ် အသိပေးကြေညာထားပါတယ်။
 
အဆိုပါအများပြည်သူ တရားဝင်အလုပ်ပိတ်ရက် ကြေငြာချက်အရ အောက်တိုဘာလ၂၀ရက်နေ့က ဒီပါဝလီပွဲတော်နေ့ဖြစ်ကာ အစိုးရရုံးပိတ်ရက် ဖြစ်တဲ့ တနင်္ဂနွေ အားလပ်ရက်နဲ့လည်းဆက်စပ်နေတဲ့တနင်္လာနေ့ ဖြစ်လို့ ၂ရက်ကြာ ပိတ်ရက်အနားရ နိုင်ကြောင်း သိရပါတယ်။
 
" ဒီပါဝလီ ရုံးပိတ်ရက် ကိုတရားဝင်ကြေညာထားပါတယ်။ ပိတ်ရက်က၂ရက်ပဲရလို့ ပြီးခဲ့တဲ့နှစ်က ရုံးပိတ်ရက်၃ရက်ထက် ပိတ်ရက်နည်းပေမယ့် ခရီးတိုသွားမယ့် သူတွေလည်းရှိနေကြတယ်လို့ သိရတယ်။စက်ရုံအလုပ်ရုံတွေပိုင်းတော့သေချာမသိဘူး။ဘာလို့လည်းဆိုတော့သူတို့က တနင်္ဂနွေ ပိတ်ရက်တောင် ဂျူတီချပြီး ဆင်းခိုင်းနေတာဆိုတော့ ပိတ်ရက်တရားဝင်ကြေညာတဲ့ရက်ကိုပဲ ယူပြီး ကျန်ရက်တွေပုံမှန်အတိုင်းလည်းသွားနိုင်ပါတယ်။ အဲ့ဒီလိုပိတ်ရက်မှာ အလုပ်ဆင်းခိုင်းရင်တော့ ဒီအလုပ်ရှင်က လက်ညှိုးထိုးခံရမှာပေါ့ အတင်းအကျပ်ခိုင်း သလိုဖြစ်နေတော့လေ"လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက သုံးသပ်ပြောပါတယ်။
 
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့် ကျော် ၁၄ရက်(၂၀၂‌၅ခုနှစ်၊ အောက်တိုဘာလ၂၀ရက်) တနင်္လာနေ့ က ဒီပါဝလီနေ့ဖြစ်တာကြောင့် နိုင်ငံတွင်းက ရုံးတွေရဲ့ပိတ်ရက်နဲ့လွှဲပြောင်းနိုင်တဲ့စာချုပ်စာတမ်းများ အက်ဥပဒေ အရအများပြည်သူအလုပ်ပိတ်ရက်ဖြစ်ကြောင်း စစ်​ကော်မရှင် အစိုးရက အမိန်းကြေငြာစာအမှတ်၁၉၀/၂၀၂၅ဖြင့် အသိပေးဖော်ပြထားပါတယ်။
 
ဒီပါဝလီပွဲတော်နေ့ဟာ ဟိန္ဒူဘာသာဝင် တွေရဲ့ အထွဋ်အမြတ်ထားရာဘာသာရေး ပွဲတော်နေ့ တစ်ခု ဖြစ်ကာ မြန်မာတို့ရဲ့ သီတင်းကျွတ်ပွဲတော်လို ဆီမီးထွန်းပူဇော်မှုတွေလည်း ရှိကြောင်းသိရှိရပါတယ်။
 

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026