NEWS

ဒီပါဝလီပွဲတော်နေ့ ကို တရားဝင်အလုပ်ပိတ်ရက် ဖြစ်ကြောင်း ကြေညာ

CoverLogo
2.3K Views
 
လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့ (သောကြာနေ့)မှာ ကျရောက်တဲ့ ဒီပါဝလီပွဲတော်နေ့ ကို တရား၀င်အများပြည်သူရုံးပိတ်ရက်အဖြစ် အသိပေးကြေညာထားပါတယ်။
 
အဆိုပါအများပြည်သူ တရားဝင်အလုပ်ပိတ်ရက် ကြေငြာချက်အရ နိုဝင်ဘာလ၁ရက်နေ့က ဒီပါဝလီပွဲတော်နေ့ဖြစ်ကာ သောကြာနေ့ ပိတ်ရက်ဖြစ်တာကြောင့် အစိုးရရုံးတွေရဲ့ပိတ်ရက် စနေ၊ တနင်္ဂနွေ နဲ့လည်း ပိတ်ရက်ဆက်စပ် နေတာကြောင့် အလုပ်ပိတ်ရက်၃ရက်ဆက်ပိတ်နိုင်တယ်လို့လည်းဆိုပါတယ်။
 
" ဒီပါဝလီ ရုံးပိတ်ရက် အဖြစ်တရားဝင်ကြေညာထားပါတယ်။ ကျောင်းတွေ အနေနဲ့ကတော့ ပွဲတော်နေ့အပြင်၃ရက်ပိတ်မှာသေချာပေမယ့်။ရုံးအချို့ကတော့ စနေဖွင့်တဲ့ရုံးတွေလည်းရှိနေလို့ ၃ရက်ဆက်တိုက် ပိတ်ပေးမပေး သက်ဆိုင်ရာအလုပ်သမားတွေကသူတို့အလုပ်တွေကို စုံစမ်းမေးမြန်းနေကြတယ်။သာမာန်တော့ အားလုံးက ၃ရက်လုံးတစ်ညီတည်းပိတ်ပေးကြတယ်။စက်ရုံအလုပ်ရုံတွေပိုင်းတော့သေချာမသိဘူး။ဘာလို့လည်းဆိုတော့သူတို့က တနင်္ဂနွေ ပိတ်ရက်တောင် ဂျူတီချပြီး ဆင်းခိုင်းနေတာဆိုတော့ ပိတ်ရက်တရားဝင်ကြေညာတဲ့ရက်ကိုပဲ ယူပြီး ကျန်ရက်တွေပုံမှန်အတိုင်းလည်းသွားနိုင်ပါတယ်။ အဲ့ဒီလိုပိတ်ရက်မှာ အလုပ်ဆင်းခိုင်းရင်တော့ ဒီအလုပ်ရှင်က လက်ညှိုးထိုးခံရမှာပေါ့ အတင်းအကျပ်ခိုင်း သလိုဖြစ်နေတော့လေ"လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက သုံးသပ်ပြောပါတယ်။
 
၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်(၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ၁ရက်)သောကြာနေ့ က ဒီပါဝလီနေ့ဖြစ်တာကြောင့် နိုင်ငံတွင်းက ရုံးတွေရဲ့ပိတ်ရက်နဲ့လွှဲပြောင်းနိုင်တဲ့စာချုပ်စာတမ်းများ အက်ဥပဒေ အရအများပြည်သူအလုပ်ပိတ်ရက်ဖြစ်ကြောင်း စစ်​ကောင်စီ အစိုးရက အမိန်းကြေငြာစာအမှတ်၁၇၅/၂၀၂၄ဖြင့် အသိပေးဖော်ပြထားပါတယ်။
 
ဒီပါဝလီပွဲတော်နေ့ဟာ ဟိန္ဒူဘာသာဝင် တွေရဲ့ အထွဋ်အမြတ်ထားရာဘာသာရေး ပွဲတော်နေ့ တစ်ခု ဖြစ်ကြောင်းသိရှိရပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026