NEWS

ဒီနေ့အချိန်အထိမြန်မာ့အလုပ်သမားတွေကတော့တောင်းဆိုချက်တွေမျှော်မှန်းချက်တွေမရရှိသေးဘူး။

CoverLogo
1.7K Views

အလုပ်သမားထုအနေနဲ့မေဒေးခေါ်သံကို ဆက်လက်ကိုင်ဆွဲထားရဖို့ရှိပါသလား။ ဘယ်လိုမြင်ပါသလဲ။

မေဒေးနေ့မှာကမ္ဘာ့အလုပ်သမားတွေတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတယ်တောင်းဆိုချက်တွေလဲရရှိခဲ့ကြတယ်ဒါပေမယ့်ဒီနေ့အချိန်အထိမြန်မာ့အလုပ်သမားတွေကတော့တောင်းဆိုချက်တွေမျှော်မှန်းချက်တွေမရရှိသေးဘူးမြန်မာ့အလုပ်သမားတွေအနေနဲ့မေဒေးခေါ်သံကိုဆက်လက်ကိုင်ဆွဲနေရတုန်းပဲဖြစ်တယ်အလုပ်သမားတွေရဲ့နေရေးထိုင်ရေးနဲ့ကျန်းမာရေးတွေမြင့်မားဖို့ဆက်လက်တိုက်ပွဲဝင်နေကြရတာဖြစ်တယ်ကျမတို့အလုပ်သမားထုရဲ့ရင်ထဲကဆန္ဒအစစ်အမှန်ဖြစ်တဲ့ဘဝနေထိုင်မှု့မြင့်မားရေးကျန်းမာရေးအဆင့်အတန်းမြင့်မားရေးလုပ်အားနဲ့ထိုက်တန်တဲ့လုပ်ခလစာရရှိရေးခွင့်ရက်နဲ့အနားယူအပန်းဖြေခွင့်တွေရရှိဖို့ဆက်လက်တောင်းဆိုနေကြရမှာပဲဖြစ်ပါတယ်။

 

မေဒေးနေ့ရဲ့တကယ့်ရည်ရွယ်ချက်က ဘာတွေပါလဲ။

မေဒေးနေ့ရဲ့တကယ့်ရည်ရွယ်ချက်တောင်းဆိုချက်တွေဖြစ်တဲ့တကာ့်အလုပ်သမားတွေရဲ့ဘဝနေထိုင်မှု့မြင့်မားရေး၊ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးဘေးကင်းလုံခြုံစိတ်ချရတဲ့လုပ်ငန်းခွင်ဖြစ်ရေးအလုပ်ချိန်နဲ့လုပ်ခလစာတွေခွင့်ရက်နဲ့အနားယူအပန်းဖြေခွင့်တွေရရှိဖို့ကမ္ဘာ့အလုပ်သမားနဲ့မြန်မာ့အလုပ်သမားတွေရဒ့ရင်ထဲကစစ်မှန်တဲ့ဆန္ဒဖြစ်ပါတယ်။မေဒေးနေ့ရဲ့အနှစ်သာရကတော့လုပ်သားထုရဲ့ဘဝနေထိုင်မှူ့တိုးတက်မြင့်မားရေးအတွက်အစွမ်းကုန်လှုပ်ရှားကြရတာပဲဖြစ်တယ်။

 

မြန်မာ့လုပ်သားထုကြုံတွေ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ။

 

လက်ရှိမြန်မာ့လုပ်သားထုကြုံနေရတဲ့အခက်ခဲကတော့အားလုံးသိတဲ့အတိုင်းကိုဗစ်ကာလရောစစ်အာဏာသိမ်းတာရောနဲ့အားလုံးအခြေကျဖို့ကြိုးစားနေတဲ့ဘဝတွေ၊အခြေကျပြီးသားဘဝတွေပြောင်းလဲပျက်စီးခံလိုက်ရတာပဲတိုးတက်ဖို့အားယူနေတဲ့အခြေအနေကနေအားလုံးနောက်ပြန်ဆွဲချခံလိုက်ရတာပဲ၊ဒေသတွင်းအလုပ်အကိုင်ရှားပါးမှု့နယ်မြေအေးချမ်းတည်ငြိမ်မှု့မရှိတော့တာအစစအရာရာပြသနာတွေနဲ့ရင်ဆိုင်နေကြရပြီးလုပ်ငန်းခွင်ဖိနှိပ်မှု့တွေပိုကြုံလာရတယ်၊စားဝတ်နေရေးနဲ့မသေယုံတမယ်ရုန်းကန်နေကြဏတဲ့အခြေအနေလို့ပဲပြောချင်ပါတယ်။

မေဒေးတိုက်ပွဲခေါ်သံအောက်မှာ အလုပ်သမားထုအနေနဲ့ ဘယ်လိုပြုမူသင့်ပါသလဲ၊ ဘာတွေဖြည့်စွက်ပြောကြားချင်ပါသလဲ။

မေဒေးနေ့ကိုခေတ်အဆက်ဆက်အစိုးရတွေရဲ့ရှု့မြင်ပုံတွေကမှားယွင်းခဲ့တယ်လို့မြင်တယ်သာမာန်အလုပ်ပိတ်ရက်တရက်လို့ပဲသဘောထားတယ်သဝဏ်လွှာပို့၊ဆုတောင်းကြယုံလောက်အခမ်းအနားလေးလုပ်ယုံလောက်နဲ့ပြီးခဲ့တာတွေပေါ့၊အခုကိုစစ်ကောင်စီအာဏာသိမ်းအပြီးမှာအလုပ်သမားတွေရဲ့အခြေအနေပိုမိုဆိုးဝါးလာတာအားလုံးအသိပဲဖြစ်ပါတယ်၊ အလုပ်သမားရေးအကူအညီပေးတဲ့အဖွဲ့အစည်းတွေကိုလဲမတရားဖမ်းဆီးထားတာတွေရှိတယ်၊ တက်ကြွလှုပ်ရှားသူတွေတိမ်းရှောင်နေကြရတာတွေရှိတယ်၊​ မြန်မာ့အလုပ်သမားထုအနေနဲ့လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေတွေကိုမျက်ခြေမပြတ်စေပဲအလုပ်သမားထုအကျိုးစီးပွားကိုကာကွယ်ပေးနိုင်မယ့်အစိုးရကောင်းကောင်းတရပ်ပေါ်ထွန်းလာဖို့မေဒေးစိတ်ဓါတ်ကိုကိုင်ဆွဲပြီးတိုက်ပွဲဝင်ကြဖို့တိုက်တွန်းချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026