NEWS

ဒီဇင်ဘာ တတိယတပတ်တာ တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
443 Views

Myanmar Labour News မှာ ဒီဇင်ဘာလ (၁၆) ရက်ကနေ (၂၂) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါး တွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။တစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဒီဇင်ဘာ ၁၇

ရန်ကုန်မှာ ပေါ်တာဆွဲတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာကြောင့် အလုပ်သမားတွေရဲ့ သွားလာရေးကို မစီစဉ်ပေးနိုင်တဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်တွေ အခက်တွေ့နေပါတယ်။

မြေလတ်အသံ သတင်းဌာနက အမျိုးသမီး သတင်းထောက် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့အပေါ် ထိရောက်စွာ အရေးယူပေးဖို့ Myanmar Wonen in Media (MWiD) က ထုတ်ပြန်ပါတယ်။

စက်ရုံ၊အလုပ်ဌာနတွေမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှု အားနည်းနေပေမယ့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ  (၂၀၀၀) ကျော် ဖွဲ့စည်းထားတယ်လို့ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောပါတယ်။

ဒီဇင်ဘာ ၁၈

စစ်အာဏာသိမ်းပြီးနောက်မှာ ကုန်ဈေးနှုန်းနဲ့အတူ နေထိုင်စားသောက်စရိတ်တွေ မြင့်တက်လာတာကြောင့် ပြည်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်ကိုင်သူတွေ များလာပါတယ်။ ဒီဇင်ဘာလ (၁၈) ရက်နေ့ဟာလည်း နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့က အထည်ချုပ်စက်ရုံတစ်ခုမှာ သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ခရီးစဉ်တစ်လျှောက် အတွေ့အကြုံနဲ့ အန္တရာယ်တွေ၊ အလုပ်ရရှိဖို့ အတားအဆီးအခက်တွေကို “ရွှေလီအထည်ချုပ်သို့ ရက် ၁၀၀” ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန်က အထည်ချုပ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ကွန်ပျူတာပစ္စည်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ထိုင်းထီဘတ်(၁၂)သန်း ကံထူးခဲ့ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေရဲ့အခြေခံလုပ်ခလစာ(၂၅)ရာခိုင်နှုန်းကိုမိသားစုဆီကိုမဖြစ်မနေပြန်လွှဲခိုင်းတဲ့အမိန့်ကြေညာစာကိုပယ်ဖျက်ပေးဖို့ဒီဇင်ဘာလ (၁၈)ရက်မှာကျရောက်တဲ့အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့မှာမြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အလုပ်သမားအဖွဲ့အစည်းများကွန်ရက်ကထုတ်ပြန်တောင်းဆိုထားပါတယ်။

လှိုင်သာယာစက်မှုဇုန် Feng Teng Garment စက်ရု့မှာ ဥပဒေက သတ်မှတ်ထားတဲ့ ခွင့်အမျိုးအစားတွေ ကိုမပေး ဘဲရက်ပျက်သတ်မှတ်ပြီးရပိုင်ခွင့်တွေဖြတ်တောက်နေတယ်လို့အလုပ်သမားတွေကပြောပါတယ်။

ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲအုန်းရိုင်နယ်မြေ၊ ဖိကဆင်လမ်းမကြီးဘေးမှာရှိတဲ့စက်ရုံတစ်ရုံမှာအလုပ်လုပ်နေထိုင်ခွင့်သက်တမ်းတိုးဖိုးအတွက်အလုပ်သမားတစ်ဦးကိုဘတ်(၁၀၀၀၀)နှုန်းကောက်ခံတဲ့အပေါ်တောင်းဆိုခဲ့ရာရဲနဲ့နယ်မြေလုံခြုံရေးအဖွဲ့ကမြန်မာအလုပ်သမားလေးဦးကိုဖမ်းဆီးခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်တွင်းမှာ နေထိုင်တဲ့မိသားစုက အသက် (၁၅) နှစ်အရွယ်ရှိတဲ့ အိမ်အကူလုပ်သားတစ်ဦးကို ‌ဆေးရုံပြသရတဲ့အထိ ရိုက်နှက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေရပြီး  ကျူးလွန်သူတွေကို အမှုဖွင့်ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက်မှာရှိတဲ့ Dong Long  (Pathein) အထည်ချုပ်စက်ရုံမှာ ဥပဒေပါခံစားခွင့်တွေမရတဲ့အပြင် စူပါ၊လီတာ၊သန့်ရှင်းရေးခေါင်းဆောင်၊လုံခြုံရေးဝန်ထမ်းတွေကိုအခွင့်အရေး ချိုးဖောက်တာတွေခံစားနေရပါတယ်လို့အလုပ်သမားတွေကပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက နေထိုင်ခွင့်သက်တမ်းတိုးခအဆမတန်ကောက်ခံနေသူတွေကို အရေးမယူဘဲအလုပ်သမားတွေကိုရိုက်နှက်ဖမ်းဆီးတာတွေကိုအလုပ်သမားအရေးလှုပ်ရှားသူတွေက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာအလုပ်သမား (၂၀၀) ကျော်ကို မြန်မာပြည်ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ဒီဇင်ဘာလထဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာမိုးကြီးနိုင်တယ်လို့မိုးဇလကထုတ်ပြန်ပါတယ်။

DISHANG GROUP (Great Summer/HuAXIA) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအများစုက လုပ်ငန်းခွင်တွင်း မှာ တောင်းဆိုဆန္ဒပြနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်နိုဝင်ဘာလအထိပြည်ပကိုတရားဝင်သွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတစ်သိန်းရှစ်သောင်းကျော်ကိုပြည်ပအလုပ်သမားသက်သေခံကတ် (OWIC) ကတ် ထုတ်ပေးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါ တယ်။

တရုတ်နိုင်ငံသားပိုင် FZ GARMENT Co.,t မှာ အချိန်ပိုတွေကို အလွန်အကျွံခိုင်းစေနေပေမယ့် ဝန်ထမ်းကတ် မလုပ်ပေးတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်သူတွေဟာ သွားလာရေး အခက်တွေ့နေရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာလျှပ်စစ်ဓာတ်အားစနစ်အတွင်းဝန်အားမနိုင်နင်းတာကြောင့်ဆိုကာအလှည့်ကျမီးပျက်ချိန်(၄)နာရီထပ်တိုးလိုက်တယ်လို့မြို့နယ်လျှပ်စစ်ရုံးတစ်ချို့ကထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၁

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းမှာ ဆင်းရဲမွဲနေမှုကြောင့် ကလေးလုပ်သားခိုင်းစေတာ ပိုမိုများပြားလာပြီး ကလေးလုပ်သားတွေအသုံးပြုရမှာ လိုက်နာရမယ့်အချက်တွေကို လျစ်လှူရှုနေကြပါတယ်။ ဒါ့အပြင် ကလေးတွေ ရဲ့ အခွင့်အရေးအတွက် ပြောဆိုမှုတွေ လုပ်ဆောင်လာရင်လည်း အလုပ်ကထုတ်ပယ်တာတွေအထိပါ ဖြစ်ပေါ်နေ ပါတယ်။ ဒီအခြေအနေတွေကို ‘အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ”ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မှာ ဆောက်လုပ်စ မိုးပျံတံတားသံတန်းလျား ပြိုကျတာကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားလေးဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ မြန်မာအလုပ်သမားတွေ နစ်နာကြေး မရသေးဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် Wonderful Apparel Co.,ltd မှာ သတ်မှတ်ထားတဲ့ တစ်ရက်တာ လုပ်အားခကို အပြည့်မပေးတဲ့အပြင် အချိန်ပိုမဆင်းရင် အလုပ်ထုတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် Dishang Fashion (Myanmar) Co.,ltd မှာ WCC ကော်မတီက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုပြီး အလုပ်ရှင်နဲ့ ပူးပေါင်းကာ ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၂

Myanmar York စက်ရုံမှာ လိုင်း (၉) စူပါ (ကြီးကြပ်ရေးမှူး)က တနင်္ဂနွေ အလုပ်ပိတ်ရက်ကို ခေါ်ယူခိုင်းစေကာ အချိန်ပိုလုပ်ခမပေးတာနဲ့ လစာအပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပြည်တွင်းမှာ ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စိတ်ပူပန်နေရပေမယ့် အလုပ်သမား တွေကတော့ ဝမ်းရေးအတွက် အလုပ်မနားနိုင်ကြပါဘူး။ ဒီအခြေအနေတွေကို “အဓမ္မ စစ်မှုထမ်းစေရန် ပေါ်တာဆွဲမှုမှာ အကာအကွယ်မဲ့နေတဲ့ အလုပ်သမားထု” ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားပိုင် External Fashion Co.,ltd မှာ အလုပ်ရှင်ဘက် တစ်ဖက်သတ် တောင်းခံနေတဲ့ အထည်စံချိန်မပြည့်ရင် အချိန်ပိုနာရီတွေကို အခမဲ့ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တပတ်တာ သတင်းအနှစ်ချုပ်ကို မမ ကစုစည်းပေးထားတာပါ။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026