NEWS

ဒီဇင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု

CoverLogo
1.2K Views

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။ 

ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ 

ပြည်တွင်းက ဈေးတွေမှာ ပြည်ပထုတ်ကုန်အချို့ပစ္စည်းပြတ်တာ၊ ဝယ်ယူမရတာအထိ ရှိနေပြီး ပြည်တွင်း ထုတ်ကုန်တွေ အစားထိုးဝင်ရောက်နေပေမယ့် ဈေးနှုန်းကတော့ အမြင့်မှာသာရှိနေတာပါ။

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ယခုတပတ်တာ ဒီဇင်ဘာ ၂ရက်နေ့  ကနေ ဒီဇင်ဘာ ၈ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  စက်သုံးဆီ၊ ရွှေဈေး၊ ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။

နိုဝင်ဘာ  ၂ရက်နေ့ကနေ  ၈ ရက်အထိ ရန်ကုန်မြို့က စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့စက်သုံးဆီ ဈေးနှုန်းများဟာ ၉၂တစ်လီတာလျှင် ၃၀၁၅ကျပ် ၉၅ တစ်လီတာ  ၃၁၈၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၉၀ ကျပ်ဖြစ်သတ်မှတ်ထားပါတယ်။

ဒီဇင်ဘာ ၆ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိဈေးနှုန်းကတော့ ၉၂တစ်လီတာလျှင် ၃၀၆၅ကျပ်၊  ၉၅ တလီတာ ၃၁၈၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ  ၂၆၃၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၇၅ကျပ်အဖြစ် သတ်မှတ်ထားတာဖြစ်လို့  ယခင်ကထက်ကျပ် ၁၀ မှ ၅၀ကျပ်အထိ မြင့်တက်လာ တာတွေ့ရပါတယ်။ 

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တလီတာ  ၃၂၀၀ ကျပ်မှ  ၃၅၀၀ ကျပ်နှုန်းဖြင့်အရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။ 

ဒီဇင်ဘာ ၂ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၆၂ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၄ သိန်း ၁ သောင်းကျော်ဖြစ်ကာ ဒီဇင်ဘာ ၃ ရက်နေ့မှ ၅ ရက်အထိ  ၅၃ သိန်း၇သောင်းကျော်၊ ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်နေ့မှာတော့ ၅၃ သိန်း၃ သောင်းကျော်ဖြစ်တယ်လို့  သတ်မှတ်ထားတာကြောင့်  ယခုတစ်ပတ်တာရဲ့ရွှေလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်ဈေးနှုန်းဟာ ဈေးအနည်းငယ်မြင့် တက်လာတာဖြစ်ပါတယ်။ 
  
ပြင်ပရွှေဈေးကွက်မှာတော့ ဒီဇင်ဘာ ၂ရက်နေ့  ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ  ၆၀ သိန်း ၇သောင်းကျပ်ဖြစ်ပြီး ၃ ရက်နေ့မှာတော့  ၆၁ သိန်း၂သောင်း၊  ၄ ရက်နေ့မှာ ၆၁ သိန်း ၃ သောင်းဖြစ်ကာ ၅ ရက်နဲ့ ၆၁ သိန်း ၅ သောင်းဖြစ်ကာ ၆ရက်ကနေ  ဒီကနေ့ ၈ ရက်နေ့မှာ ၆၁ သိန်း ၁ သောင်းကျပ်ဖြစ်တယ်လို့ တွေ့ရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဒီဇင်ဘာ၂ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ တပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှုန်းဖြင့်ဈေးငြိမ်နေတာပဲဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၉၀ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော် နှုန်းနဲ့ဖြတ်နေတယ်လို့လည်း  သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ ဒီဇင်ဘာ ၂ ရက်မှဒီဇင်ဘာ ၁ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၃၀၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက် ဆက်လက် ခုန်တက်လာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၃၀၀၀  မှ  ၁၅၀၀၀ အထိ အမြင့်ဈေးမှာသာရှိနေပြီး စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၈၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ်ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံအလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရောနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ကျပ်၊ ၊  ငြုပ်သီးစိမ်းအနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစ်စီး ၁၀၀၀ကျပ်၊ ကြက်ဥ တလုံး ၅၀၀အလုံးသေး၊ ဘဲဥတလုံး  ၇၀၀၊ မုံလာဥတစီး ၁၂၀၀၊ ခဝဲသီးတစ်တောင့် ၇၀၀၊ ဂေါ်ရခါးညွှန့် တစီး ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး တလုံး ၆၀၀၊ ပဲသီး ၁၂၀၀(အစီးသေး)၊  အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၇၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀ ၊ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၂၅၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၆၀၀၀၊ ဝက်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါး အနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတေမာ တစ်ကတ်  ၁၃၀၀ ( တလုံး ၁၅၀) ၊ သန္ဓတားဆေး တစ်ကတ် ၄၅၀၀ ကျပ်၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း ( အရည်အသွေးနိမ့်) တစ်ထုတ် ၂၇၀၀  ကျပ်ဖြစ်နေပါတယ်။

ဒီလို ကုန်ဈေးနှုန်းတွေ စံချိန်တင်  မြင့်တက်နေပေမယ့် ပြည်တွင်းမှာ အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၁၀၀၀ ကျပ်စီ ၂ ကြိမ်သာ တိုးမြှင့်ပေးထားတာဖြစ်လို့  ဖူလုံမှုရှိမနေဘူးလို့ အခြေခံအလုပ်သမားတွေကပြောကြားပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026