NEWS

ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မိုးကြီးအုံးမည်ဟုဆို

CoverLogo
261 Views

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်  တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများ တွေ့ဆုံမှု အပါအဝင် ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဒီဇင်ဘာ၂၀မှ ၂၃ရက် အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ် အချို့မှာ မိုးကြီးအုံးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ နဲ့ရခိုင်ပြည်နယ် တို့မှာနေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ရှမ်းပြည်နယ် တို့မှာ  နေရာစိပ်စိပ်မှ နေရာ အနှံ အပြား မိုးထစ်ချုန်းရွာပြီးအချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီး ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလ က ထုတ်ပြန်ထားပါတယ်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့  မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်တဲ့ အတွက်ကုန်မြင့်ဒေသအနီးနေထိုင်သူတွေ၊ မြစ်ငယ် ၊ချောင်းငယ် အနီးနေထိုင်သူတွေ ကြိုတင်သတိပေးရှောင်ရှားနိုင်ဖို့ မိုး/ဇလ ကအသိပေးထားပါတယ်။

#MyanmarLabourNews


Related posts

Cover
လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်
Aug 11, 2025
Cover
ဂျပန်ရောက် မြန်မာတွေ ဆူနာမီသတိပေးချက်ကို အလေးထားနားစွင့်ဖို့ အသိပေး
Jul 30, 2025
Cover
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ
Jul 24, 2025
Cover
၂၄ နာရီ အတွင်း မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၂ ပေကျော်မြင့်တက်မည်ဟု မိုးဇလ သတိပေး
Jul 24, 2025
Cover
အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ဒေသအလိုက် မိုးကြီးမည်ဟု မိုးဇလထုတ်ပြန်
Jul 21, 2025
Cover
ချင်းတွင်း၊ စစ်တောင်းနှင့်ပဲခူးမြစ် တို့ မှာ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
Jun 30, 2025
Cover
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသဖြင့် မြို့နယ် ၅ ခု မှာ သတိပြုဖို့ လိုအပ်
Jun 28, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025