NEWS

ဒီဇင်ဘာလမှာ ပန်းရောင်ဘတ် အသစ်လျှောက်ခွင့်ပေးမည်ဟုဆို

CoverLogo
527 Views

ဒီဇင်ဘာအတွင်းထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေကိုပန်းရောင်ဘတ်အသစ် လျှောက်ခွင့်ပေးဖို့  ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးသူတွေထံက သိရပါတယ်။ 

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်  စတဲ့ လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် ပေးဖို့  ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ က  ထိုင်းဝန်ကြီးများအစည်းအဝေးမှာ  အတည်ပြုထားကာ  လက်တလော မှာ  ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထံ လက်မှတ်ထိုး ရန် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

""လူသစ်အထောက်အထားမရှိတဲ့သူတွေကို လာမယ့်ဒီဇင်ဘာ လထဲ ပန်းရောင်ဘတ် လုပ်ပေးမယ် ကြေညာထားတယ် ၀န်ကြီးချုပ်အတည်ပြုလက်မှတ်ထိုးပြီးတာနဲ့ စပြီပေါ့ လုပ်မယ့်သူတွေ အနေနဲ့ အခု ကတည်းက စာရင်းကြိုပေးထားရပြီ အလုပ်ရှင်ရှိရင် ဘတ် ၅၀၀၀ ကျော်လောက်ကုန်မယ် အလုပ်ရှင် ငှားရမယ်ဆိုရင် ဘတ်၆၀၀၀ကျော်လောက်ကုန်မယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ပန်းရောင်ဘတ် ပြုလုပ်ရန် ဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။ 

အလုပ်လုပ်ခွင့် မှတ်ပုံတင်ပေးမယ့် သူတွေမှာ  ထိုင်းနိုင်ငံ ကို  တရားမဝင်လမ်းကြောင်း နဲ့ ဝင်ရောက်လာသူ​တွေ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူ တွေ အကျုံးဝင်တယ်လို့ဆိုပါတယ်။ 

""ဒီဇင်ဘာ ၁၅ရက် လောက် တော့ စဖွင့်မယ်လို့ တော့သိရတယ် ပန်းရောင်ဘတ်အသစ်ရိုက် ဖို့ ရှိမယ့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ဆို ၂ ဒသမ၇သန်းလောက်ရှိမယ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝင်လာတဲ့ မြန်မာအလုပ်သမားက အရမ်းများလာတယ်။ လူဟောင်းရော လူသစ်ရောဆို ၇ ဒသမ ၇သန်းလောက်ရှိတယ်လို့ AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကြီးကပြောပါတယ်။ 

ပန်းရောင်ဘတ်အသစ် ပြုလုပ်ပေးမယ့် အစီစဉ် ကို  အထောက်အထားမဲ့ မြန်မာနိုင်ငံသား တွေ အနေနဲ့ စောင့်မျှော်နေတာ ဖြစ်သလိုထိုင်းအစိုးရက  ရက်အတိအကျ ထုတ်​ပြန်ခြင်းမရှိသေးတာကြောင့်  မြန်မာအလုပ်သမားတွေ အနေ နဲ့  ယုံကြည်စိတ်ချရတဲ့ အကျိုးဆောင်များနဲ့  ကြိုတင်တိုင်ပင်သင့်ကာ  ငွေကြေးများ ကြိုတင်ပေးချေတာမျိုး ကို သတိထားဆောင်ရွက် ဖို့ လိုတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေး ကူညီပေးသူတွေက သတိပေးထားပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026