NEWS

ထိုးကြိတ်ခံရသည့် မြန်မာအလုပ်သမားကို ထိုင်းအမျိုးသားက ဘတ်ငါးသောင်းလျော်ကြေးပေးကာ ပြန်လည်တောင်းပန်သွားမည်ဟုဆို

CoverLogo
289 Views
 
လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ထိုးကြိတ်နှိပ်စက်ခံခဲ့ရတဲ့ မြန်မာအမျိုးသား ကို ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားကပြန်လည်တောင်းပန်ပြီး လျော်ကြေးအဖြစ် ဘတ်ငါးသောင်း ပေးကာ အွန်လိုင်းက တစ်ဆင့်လည်း ပြန်လည်တောင်းပန်ပေးသွားမယ်လို့ MHAC မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
မြန်မာအမျိုးသား အပေါ် အနိုင်ကျင့်ခဲ့တဲ့ အတွက် ထိုင်းအမျိုးသားကို MHAC မဟာမိတ်အဖွဲ့ နဲ့နစ်နာသူအမျိုးသားရဲ့ သူဌေး၊ NUG အလုပ်သမားဝန်ကြီးဌာနတို့ မှ ပူးပေါင်းပြီး ရှေ့နေဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ဇူလိူင် ၂၉ရက် က အမှုဖွင့် တိုင်ကြား ခဲ့တယ်လို့သိရပါတယ်။
 
အခုလို တိုင်ကြားခဲ့တဲ့ အတွက် ကျူးလွန်သူထိုင်းအမျိုးသားဘက်မှ ကာယကံရှင်မြန်မာအမျိုးသားရဲ့ ဆန္ဒအတိုင်း နယ်မြေခံရဲစခန်း၌ ရဲအရာရှိများ၊ရှေ့နေ နှင့် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ရှေ့မှာ ဝန်ခံခဲ့ပြီး နစ်နာသူမြန်မာအမျိုးသား အားတောင်းပန်ကာ လျော်ကြေးအဖြစ် ဘတ်၅သောင်းအား ပေးဆောင်စေတဲ့ အပြင် ထပ်မံ၍ မည့်သည့်ပြဿနာမျှ ထပ်မရှာ တော့ရန် လက်မှတ်ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကျူးလွန်သူထိုင်းအမျိုးသားမှ နစ်နာသူမြန်မာအမျိုးသား ကို onlineမှတစ်ဆင့်လည်း ပြန်လည်တောင်းပန်သွားမယ်လို့ သိရပါတယ်။
 
𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)မှလည်း နစ်နာသူမြန်မာအမျိုးသားအပေါ် အမှုပြီးဆုံးသည်အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။
 
ဖြစ်စဥ်မှာ ပါ၀င်တဲ့ မြန်မာအမျိုးသား မှာ ဇန်နဝါရီ ၁ ရက်နေ့က ကလေးအတွက် ဆိုင်ကယ်ဖြင့် ဆေးထွက်ဝယ်ရာ ဆိုင်ကယ်ဘီးပေါက်သွားတာကြောင့် အနီးနားက ဆိုင်ကယ်ပြင်ဆိုင်မှာ ပြင်ခဲ့ပြီး ဘတ် ၁၄၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာအမျိုးသားက ဘတ် ၅၀၀ တန်နဲ့ ၁၀၀၀ တန် ပေးသော်လည်း အကြွေမရှိတာကြောင့် ညီမဖြစ်သူဆီက အကြွေသွားယူစဉ် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် ထိုင်းအမျိုးသားက လိမ်လည်ထွက်ပြေးတယ်ထင်ပြီး ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာကာ ရဲစခန်းနားအရောက်မှာ ထိုးကြိတ်ခဲ့ပြီး နောက်တစ်ဦးက ဗီဒီယိုရိုက်ခဲ့ကာ လူမှုကွန်ယက် မှာ လူလိမ်လို့ ရေးတင်ခဲ့တာကြောင့် နစ်နာသူ မြန်မာအမျိုးသားကအမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Related posts

Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026