NEWS

ထိုင်း Cal-Comp အီလက်ထရောနစ်စက်ရုံ မှ မြန်မာလုပ်သား ၁၆၀၀ အလုပ်ဖြုတ်ခံရ

CoverLogo
231 Views
 
ထိုင်းနိုင်ငံ၊ ဖက်ခ်ျဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ် စက်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၆၀၀ဦး ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ် လိုက်တယ်လို့ မြန်မာအလုပ်သမားတွေနဲ့ ထိုင်းဒေသတွင်းသတင်းတွေအရသိရပါတယ်။
 
ဒီဇင်ဘာ ၂၉ရက် ဒီကနေ့ မနက်ပိုင်းမှာ အလုပ်ရှင်ဘက်မှ တစ်စုံတရာ ကြိုတင် အသိပေးတာမျိုး မလုပ်ဘဲ မြန်မာအလုပ်သမား တွေကို ရုတ်တရက်အလုပ်ထုတ်လိုက်တယ်လို့ MHACမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
Cal-Comp Electronics (Thailand) Public Company Limited မှ စက်ရုံရှိ အလုပ်သမား ၁၆၀၀ ကို ဒီဇင်ဘာလ ၂၉ ရက်အထိ လုပ်အားခနဲ့ ရသင့်တဲ့ နစ်နာကြေးပေး၍ ဒီဇင်ဘာလ ၃၀ ရက်မှစကာ အလုပ်မှ ရပ်နားလိုက်ကြောင်း ကြေညာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
နစ်နာကြေးကို ထိုင်းဥပဒေ အရ သတ်မှတ်ထားတဲ့ တစ်နှစ်နဲ့ သုံးနှစ်ကြား လုပ်သက်ရှိသူ တွေကို တစ်ဦးလျှင် နစ်နာကြေး ၅၄၀၀၀ဘတ် ၊လုပ်သက်တစ်နှစ်အောက် အလုပ်သမားတွေ အတွက် တစ်ဦးကို နစ်နာကြေး ၂၇၀၀၀ဘတ် အသီးသီး ရရှိတယ်လို့ သိရပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားတွေအနေနဲ့ နစ်နာကြေး တွေရပေမယ့် လက်ရှိကာလ မှာ နောက်ထပ် အလုပ်သစ်ရရန် အခက်ခဲရှိတာကြောင့် အလုပ်လက်မဲ့ အခြေနေ ကို စိုးရိမ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Cal-Comp Electronics စက်ရုံဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်ကလည်း အလုပ်သမား ၁၄၀၀ကျော်ကို အခုလို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး၃လ အကြာမှာ အလုပ်သမား ၁၆၀၀ ကို အလုပ်မှ ထပ်မံ ဖြုတ်ခဲ့တာ ဖြစ်ပါတယ်။
 
ဒါကြောင့်၎င်း စက်ရုံ ဟာ အလုပ်သမားများကို တရားဝင် အလုပ်ခေါ်ယူပြီး လုပ်သက် တစ်နှစ် မကျော်တဲ့ အချိန် မှာ အလုပ်ပြန်ဖြုတ်ခဲ့အတွက် မြန်မာအလုပ်သမားတွေအနေနဲ့ Cal-Comp စက်ရုံမှာ အလုပ်ဝင်လိုပါက သေချာစဉ်းစား ဖို့ လိုတယ်လို့ နစ်နာသူအလုပ်သမားတွေကပြောပါတယ်။
 

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026