NEWS

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းမှ မြန်မာလုပ်သား ၂၀၀ ကျော် ထိုင်းနိုင်ငံအတွင်း ပထမဆုံး အကြိမ် တရားဝင် အလုပ်လုပ်ကိုင်

CoverLogo
247 Views
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှ မြန်မာလုပ်သား ၂၀၀ ကျော်ဟာ ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင် ရှိစိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင် ရန်ရောက်ရှိပြီ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
 
ဆန်ခပူရီမြို့နယ်ရှိ ဘန်းတွန်ယမ် ဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသား ၂၀၁ဦးဟာ နိုဝင်ဘာ၅ရက် နေ့မှာ ကျန်ထဘူရီခရိုင် လမ်ယိုင်အသီးခြံများတွင် အလုပ်လုပ်ရန် ရောက်ရှိလာတယ်လို့ သိရပါတယ်။
 
ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်စခန်း ၉ ခုရှိ ဒုက္ခသည် ၄၂၀၀၀ ကျော်ကို ရွှေ့ပြောင်းလုပ်သား အဖြစ် ၂၀၂၅ခုနှစ် အောက်တိုဘာ၁ရက် မှ စတင် အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့တာမှာ ယခု အလုပ်သမား ၂၀၀ကျော်ဟာ ပထမဆုံး လုပ်ငန်းခွင် ဝင်ရသူတွေ ဖြစ်ပါတယ်။
 
နယ်စပ်မတည်ငြိမ်မှုကြောင့် နေရပ်ပြန်သွားတဲ့ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ မြန်မာလုပ်သားတွေကို အစားထိုးခန့်ထားနိုင်ရေးအတွက် လေ့ကျင့်သင်ကြားသွားမယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင် ဝင်ရောက်ဖို့ ကျန်းမာရေးစစ်ဆေးခ ဘတ် ၅၀၀၊ ကျန်းမာရေးအာမခံအတွက် ဘတ် ၁၆၀၀ နဲ့ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ဘတ် ၁၀၀ စုစုပေါင်း ၂၂၀၀ ကုန်ကျမှာဖြစ်ပေမယ့် အလုပ်ရှင်က တစ်ဝက်ကုန်ကျ ခံရ မှာ ဖြစ်ကာ လုပ်အားခအနေနဲ့ တစ်ရက် ကို ဘတ် ၅၀၀ မှ ၁၀၀၀ ကြားရရှိမယ်လို့ဖေါ်ပြထားပါတယ်။
 
ထိုင်း-မြန်မာ နယ်စပ် တွင် ဒုက္ခသည်စခန်း ဖွင့်ပြီး နှစ်ပေါင်း ၃၀ အတွင်း အခုလို ထိုင်းအစိုးရဘက်မှ မြန်မာဒုက္ခသည်တွေ ကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုတာဟာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။
 
ဒုက္ခသည်စခန်းမှ မြန်မာလုပ်သား တွေအနေနဲ့ ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်အပါအဝင် ဘန်ကောက်နဲ့အယုဒ္ဓယ တဝိုက်ရှိ ရာသီပေါ်ဥယျာဉ်ခြံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်မယ်လို့ သိရပါတယ်။
Ref-Amarin TV၊MGR Online

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026