NEWS

ထိုင်းအစိုးရက တရားမဝင်နိုင်ငံခြားသားလုပ်သားများစစ်ဆေးမှု အရှိန်မြှင့်တင်ရန် ညွှန်ကြား

CoverLogo
151 Views
 
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားအမြောက်အများ ရှိနေတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက် တရားမဝင် နိုင်ငံခြားသားလုပ်သားများ တင်းကျပ်စွာ စစ်ဆေးရန် စစ်ဆေးမှု အရှိန်မြှင့်တင်ရန်ထိုင်းအလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဆွန်ချိုင်းက ဇန်နဝါရီ ၁၄ရက်မှာ ညွှန်ကြားလိုက်ပါတယ်။
 
အိမ်နီးချင်း နိုင်ငံ တွေမှ ရွှေ့ပြောင်းလုပ်သား တွေ နယ်စပ်ကနေ ခိုးဝင်လာမယ့်သူတွေကို စစ်ဆေး တားဆီးဖို့နဲ့ လက်ရှိ ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ လုပ်ငန်းခွင်တွေကို လိုက်လံစစ်ဆေးပြီး အထောက်အထားမဲ့ အလုပ်သမားတွေကိုရော၊ လက်ခံထားတဲ့ အလုပ်ရှင်တွေကိုပါ ပြတ်ပြတ်သားသားတရားစွဲဆို အရေးယူဖို့ ညွှန်ကြားထားပါတယ်။
 
အလုပ်သမားတွေ အနေနဲ့ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခြင်း တို့ကို စစ်ဆေးတွေ့ရှိပါက ဘတ် ၅၀၀၀မှ ၅၀၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမှာ ဖြစ်ပြီး မိခင် နိုင်ငံကို နှင်ထုတ်ခံရမှာဖြစ်ကာ ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်အထိ တားမြစ်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အလုပ်ရှင်တွေအနေနဲ့ အထောက်အထားမရှိသူကို အလုပ်ခန့်ရင် အလုပ်သမား တစ်ဦးချင်းစီအတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်သလို ထပ်မံကျူးလွန်ပါက ထောင်ဒဏ် (၁) နှစ်အထိ ကျခံရနိုင်ပြီး ဒဏ်ငွေ ဘတ် ၂ သိန်းအထိ တိုးသွားနိုင်တဲ့ အပြင် အလုပ်သမားခန့်ခွင့် ၃ နှစ် အပိတ်ခံရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒေသခံတွေ အနေနဲ့လည်း နိုင်ငံခြားသား လုပ်သားတွေကို တရားမဝင်အလုပ်ခန့်ထားခြင်း တွေ့ရှိပါက ဘန်ကောက်မြို့တော် အလုပ်အကိုင်ရုံးနဲ့ ပြည်နယ်အလုပ်အကိုင်ရုံးတို့ကို အကြောင်းကြားပေးဖို့ အသိပေးကြေညာထားပါတယ်။
လက်ရှိမှာလည်း ထိုင်းနိုင်ငံအတွင်း ရှိ လုပ်ငန်းခွင်များ တွင် အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သားတွေကို စစ်ဆေးမှုတွေပြုလုပ်နေသလို နယ်စပ်ဖြတ်ကျော်လာတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သားတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်လျက်ရှိပါတယ်။

Related posts

Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026