NEWS

ထိုင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်သာလာရောက်ကြရန် စစ်ကောင်စီအလုပ်သမားသံရုံး အသိပေး

CoverLogo
204 Views
 
ပြည်ပကို တရားဝင် လုပ်သားစေလွှတ်ခွင့် ကန့်သက်ပိတ်ပင်ထားတဲ့စစ်ကောင်စီမှ ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ တရားဝင်လမ်းကြောင်းကနေသာ လာရောက်ဖို့ စစ်ကောင်စီလက်အောက် ခံ ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံးက အသိပေးကြေညာထားပါတယ်။
 
ထိုင်းနိုင်ငံ သို့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများက တစ်ဆင့်လာရောက်သူတွေ နိုင်ငံကူး လက်မှတ်ကဲ့သို့ တရားဝင်ခရီးသွားလာမှုအထောက်အထားစာရွက်စာတမ်းများ မပါရှိဘဲ ဝင်ရောက်လာ သူတွေကို ထိုင်းအစိုးရက အရှိန်အဟုန်မြင့်စစ်ဆေးဖမ်းဆီး ပြီး ပြစ်ဒဏ်ကျခံနေရတယ်လို့ သံရုံးက အသိပေးထားပါတယ်။
 
ဒါကြောင့်ထိုင်းနိုင်ငံ ကို အခြေခံအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ နှစ်နိုင်ငံလက်မှတ်ရေးထိုးထားတဲ့ MOU စနစ်နှင့်အညီ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်၍လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်အလုပ်အကိုင်ရှာဖွေ၍ ကျွမ်းကျင်အလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူ၍သော်လည်းကောင်း သွားရောက် လုပ်ကိုင်ဖို့ အလုပ်သမားအရာရှိရုံးအသိပေးထားပါတယ်။
 
"တရားဝင်သွားဖို့ကျတော့ မူဝါဒ အမျိုးမျိုးပြောင်းပြီး ပိတ်ပင်ကန့်သတ်ထားတယ် အလုပ်သမား တွေ အပေါ် တကယ်စေတနာရှိရင် စစ်မှုထမ်းအကြောင်းပြပြီး ပိတ်ပင် ကန့်သတ်ထားတာ ဖြေလျော့ပေးလိုက်လေ ဘယ်သူမှ ပိုက်ဆံကုန် အဖမ်းဆီးတွေ ကြမ်းနေတာကို မသွားချင်ဘူး ပြည်တွင်းမှာကျတော့လည်း စစ်မှုထမ်း ဖို့ပေါ်တာအတင်းဆွဲ စားဝတ်နေရေးကပိုခက်ခဲလာလို့သာ အခုလို ပြည်ပကိုတရားမဝင် ထွက်ကျရတာ"လို့ လုပ်သားပြည်သူတစ်ဦးကပြောပါတယ်။
 
အလုပ်သမားသံအရာရှိရုံးရဲ့ အသိပေးထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား လုပ်သားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်၂၇မျိုးကို ထည့်သွင်းအသိပေးထားပြီး ထိုင်းနိုင်ငံအတွင်းရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းသားတွေလည်း တရားဝင်အထောက်အထားစာရွက်စာတမ်းတွေ လုပ်ဆောင်ထားရန်၊ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေ ယာဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို လေးစားလိုက်နာရန်နဲ့ လိုအပ်ပါက အလုပ်သမားအရာရှိရုံးကို ဆက်သွယ်နိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026