NEWS

ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် CI စင်တာ ၄ ခု ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးမည်

CoverLogo
249 Views
 
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ထုတ်ပေးရေး (Certificate of Identity) စင်တာ ၄ ခု ဖွင့်လှစ် ဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
 
ဝန်ဆောင်မှု ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၅ရက်မှ နိုဝင်ဘာလ ၅ရက် အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ဝန်ဆောင်ခ အဖြစ် ဘတ် ၂၆၇၀ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
 
CI စင်တာ (၁) ကို စမွတ်စခွန်ခရိုင် (Samut Sakhon) - လိပ်စာ: ထိုင်းလေးဈေး၊ အမှတ် ၁/၂၊ ရာမ ၂ လမ်း၊ ရွာအမှတ် ၁၊ သချွင်းခရိုင်၊ မောင်း မှာလည်းကောင်း စင်တာ( ၂)ကို ဆမွတ်ပရာကန် (Samut Prakan) - လိပ်စာ: တော်ဝင်ကော်ပိုရေးရှင်းကုမ္ပဏီ၊ အမှတ် ၃၃၉/၃၁၊ ရွာအမှတ်မှာလည်းကောင်း၊စင်တာ( ၃) ကို ဆူရတ်သာနီ (Surat Thani) - လိပ်စာ: Tapi တက္ကသိုလ်၊ အမှတ် ၄၅/၄၅၊ ရွာအမှတ် ၇၊ Maluan၊ Phunphin မှာလည်းကောင်း စင်တာ(၄)ကို ချင်းမိုင် (Chiang Mai) လိပ်စာ: Dynasty Land၊ အမှတ် ၃၄ - ၃၄/၁၊ ရွာအမှတ် ၆၊ မယ်စ၊ မယ်ရင် မှာလည်းကောင်း ပြုလုပ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ မိမိအဆင်ပြေရာ CI စင်တာ ကိုရွေးချယ်ပြီး ရက်ချိန်းယူကာ ငွေပေးချေမှု ကို 7-Eleven စတိုးဆိုင်တွေမှာ ပေးသွင်းနိုင်တယ်လို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။
 

Related posts

Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၂၀ ဦး နစ်နာကြေး ဘတ် ၃ သန်းကျော်ပြန်လည်ရရှိ
Oct 08, 2025
Cover
ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးမည့် Mobile Unit တစ်ခု ဖွင့်လှစ်မည်။
Oct 08, 2025
Cover
ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးမည့် Mobile Unit တစ်ခု ဖွင့်လှစ်မည်။ (ရုပ်သံသတင်း)
Oct 08, 2025
Cover
လုပ်သက်နှစ်၂၀ကျော် ရှိ ဝန်ထမ်းများကို နစ်နာကြေး ဘတ်တစ်သောင်းပေးကာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်
Oct 07, 2025
Cover
အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day)ချီတက်တောင်းဆိုပွဲကျင်းပ
Oct 07, 2025
Cover
အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး လိမ်လည်ငွေတောင်းတာတွေ မယုံကြည်ဖို့ မလေးရှား လ၀က သတိပေး(ရုပ်သံ သတင်း)
Oct 06, 2025
Cover
အထောက်အထားမရှိသူများအတွက် ဘတ်စာရင်းတင်သွင်းခြင်း အောက်တိုဘာ ၁၅ ရက်စတင်နိုင်ပြီ ဟုထိုင်းအလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 06, 2025
Cover
အထောက်အထားမရှိလို့ အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး လိမ်လည်ငွေတောင်းတာတွေ မယုံကြည်ဖို့ မလေးရှား လ၀က သတိပေး
Oct 06, 2025