NEWS

ထိုင်းရောက် မြန်မာအလုပ်သမားတွေအရေး ကူညီမယ့်သူရှားပါးလာ

CoverLogo
613 Views

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို  ကူညီပေးမဲ့သူရှားပါးလာတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီဆောင် ရွက်သူတစ်ဦးက ဆိုပါတယ်။ 

ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကူညီပေးနေကြ သူတွေအားလုံးဟာ ပရောဂျက်အရ လုပ်ကိုင်နေကြတာလည်းဖြစ်သလို  အခုလိုအကူညီတွေရံပုံငွေတွေမရှိတော့တဲ့အခါ အဖွဲ့အစည်းရဲ့ ရံပုံငွေတွေ လျှော့ချလိုက်ရခြင်းတွေ  အသုံးစရိတ်တွေမရှိတော့တဲ့အခါ  ဥပဒေကြောင်းအရ  ရင်ဆိုင်ကြဖို့နဲ့ အလုပ်သမားတွေဖြစ်နေ ရှိနေကြတဲ့ နေရာတွေဆီကိုသွားရောက်ဖို့နဲ့ အဆက်သွယ်တွေလုပ်ရဖို့အတွက် ငွေကြေးအခက်အခဲတွေဖြစ်လာတာကြောင့်  အလုပ်သမားတွေကို ကူညီပေးနိုင်ဖို့ခက်ခဲလာတယ်လို့ ဆိုပါတယ်။ 

"အခုက ဘယ်လမ်းကြောင်းက တရားဝင်ပဲလာလာ တရားမဝင်ပဲ လာလာ အလုပ်သမားတွေအခက်အခဲ ရင်ဆိုင်လာရရင် ကူညီပေးမဲ့သူ ရှားလာကြပြီ။ အစိုးရကလည်းတာဝန်မယူတော့သလို အလုပ်သမား အရေးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေကလည်း တာဝန်မယူနိုင်ကြတော့ဘူး။ ပြဿနာ တစုံတရာဖြစ်လာခဲ့ရင် တာဝန်ယူပေးကြမယ့်သူတွေမရှိကြတော့ အလုပ်သမားတွေက စွန့်ပစ်အလုပ်သမားရယ်လို့ဖြစ်လာတယ်" လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံအတွင်းရှိတဲ့ မြန်မာအလုပ်သမားတွေကို  ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေဟာ  ၎င်းတို့ အဖွဲ့အစည်းက အဖွဲ့ဝင်အလုပ်သမားတွေရဲ့ တရားဝင်မှုကိုပင် ရုန်းကန်နေကြရတာဖြစ်ပြီး ထိုင်းရောက်မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲတွေ ပြဿနာတွေနဲ့အလုပ်ထုတ်ခံရတာတွေ လုပ်ခလစာမရတာတွေစတဲ့ အလုပ်သမားတွေရဲ့အကြောင်းအမျိုးမျိုးသောအလုပ်ရှင် အလုပ်သမားပြဿနာတွေကို ကူညီပေးဖို့ခက်ခဲလာကာ ၎င်းတို့လက်လှမ်းမီသလောက်သာ ကူညီပေးနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။  

လတ်တလောကာလမှာထိုင်းရောက်မြန်မာအလုပ်သမားတွေဟာ အခက်အခဲမျိုးစုံကို  ရင်ဆိုင်လာကြရတာ ဖြစ်သလို နိုင်ငံတွင်းကစစ်ကောင်စီရဲ့  နည်းမျိုးစုံသောကန့်သတ်ချက်များစွာနဲ့ ပိတ်ဆို့မှုများစွာကြောင့်  ပြည်တွင်းအလုပ်သမားတွေဟာ  တရားဝင်ရောက်ရှိလာခြင်းထက် တရားမဝင်ဝင်ရောက်လုပ်ကိုင်ရတာတွေကပိုမိုများပြားလာလို့  အခက်အခဲများစွာလည်း ရင်ဆိုင်ရမှုပိုမိုများပြားလာတဲ့အပြင်  ဖမ်းဆီးခံရမှုတွေဟာလည်း ပိုမိုများပြားလာကာ   စွန့်ပစ်ခံအလုပ်သမားတွေအဖြစ်ရောက်ရှိလာကြတယ်လို့ သိရပါတယ်။ 

"အားလုံးက ပရောဂျက်အရ လုပ်နေရတာ။ ရံပုံငွေ မရှိကြတော့ရင် ဝန်ထမ်းတွေ  လျှော့ချရတယ် အထွေ ထွေ အသုံးစရိတ်တွေမရှိရင် ဥပဒေအရ ရင်ဆိုင်ကြဖို့ အလုပ်သမားတွေကို ဝန်ဆောင်မှူပေးဖို့ အလုပ်သမားတွေရှိ နေတဲ့နေရာကို သွားရောက်ဖို့ အနည်းဆုံး အဆက်အသွယ် လုပ်ကြဖို့ ဒါတွေအားလုံးက ငွေလိုတယ်။ နောက်ပိုင်းမှာ ကိုယ့်နိုင်ငံကမှ အလေးမထားကြတဲ့ နိုင်ငံသားတွေကို ဒေသခံ အာဏာပိုင်တွေကလည်း နည်းလမ်းမျိုးစုံနဲ့ နှိပ်ကွပ်လာကြတာ။ အဖွဲ့အစည်းတွေ ကိုယ်တိုင်တောင် သူဝန်ထမ်းရဲ့ တရားဝင်မှူကို မနည်းကျားကန်နေရတာ"လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်ပေး တဲ့ အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ 

အဲ့ဒီလိုပြဿနာများစွာကို ရင်ဆိုင်လာရတဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ အဆမတန်များပြားလာ တာဖြစ်ပေမဲ့  အဲ့ဒီအလုပ်သမားတွေကို  ကူညီပေးနိုင်တဲ့သူနဲ့ အဖွဲ့အစည်းတွေလည်း ၎င်းတို့ကိုယ်တိုင်ရင်ဆိုင်လာရတဲ့ အခက်အခဲတွေကြောင့် ကူညီပေးနိုင်ဖို့ရှားပါးလာတယ်လို့ သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026