NEWS

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တွေအတွက် CI စာအုပ်သက်တမ်းတိုး စခန်းများဖွင့်လှစ်ပေးမည်ဟုဆို

CoverLogo
565 Views
 
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ အတွက် ထုတ်ပေးထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(Certificate of Identitt CI) သက်တမ်းတိုးစခန်းများကို ယခုလ အတွင်း ဖွင့်လှစ် ဆောင်ရွက် ပေးမယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ကြေညာပါတယ်။
 
CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် များ ကို ဇွန်လ အတွင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကာ အသေးစိတ် လုပ်ငန်းစဉ် တွေ ကို ထပ်မံသတင်းဖော်ပြပေးမယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက မေလ ၃၀ ရက် က ထုတ်ပြန်ကြေညာထားပါတယ်။
 
ယခု ဖွင့်လှစ်မယ့် စခန်းတွေဟာ CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် အတွက် သာ ဖြစ်ပြီး CI စာအုပ်အသစ် ပြုလုပ်မယ့်သူတွေ အတွက် သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။
 
ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ခွင့် လက်မှတ် ပန်းရောင်ဘတ် ပြုလုပ်ထားတဲ့ မြန်မာလုပ်သားတွေ အနေနဲ့အခြေခံ အလုပ်သမားဗီဇာ ကို နိုင်ငံကူးလက်မှတ် (ပတ်စပို့စ်)မှာထည့်သွင်းရပြီး နိုင်ငံကူးလက်မှတ် မရှိတဲ့ မြန်မာလုပ်သားတွေ မှာ CI စာအုပ်လျှောက်ထားပြီး CI စာအုပ် အတွင်း ဗီဇာထည့်သွင်းနိုင်ပါတယ်။
 
CI စာအုပ်ကို သက်ဆိုင်ရာက စခန်းများ ဖွင့်လှစ် ပြုလုပ်ပေး ချိန် ပြုလုပ်ရပြီး စာအုပ် သက်တမ်း၄နှစ် ရရှိကာ အလုပ်လုပ်ခွင့် ဗီဇာ သက်တမ်းတိုးချိန်မှာ CI စာအုပ်သက်တမ်းအနည်းဆုံး ၆လ ရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ CI စာအုပ် လုပ်ထားပြီး သက်တမ်းကုန်နေသူတွေ အတွက် သက်တမ်းတိုးလုပ်ဆောင်ပေးဖို့ မြန်မာသံရုံး ဘက်က စီစဉ်နေတာဖြစ်ပါတယ်။
 
CI စာအုပ် အသစ် ထုတ်ပေးရေးစခန်း တွေ ကို တော့ ပြီးခဲ့တဲ့ နှစ် ဖေဖေါ်ဝါရီလ ကစတင်ဖွင့်လှစ် ကာ ဇူလိုင် လအထိ ဆောင်ရွက်ပေးခဲ့ ပြီး လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးပါဘူး။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026