NEWS

ထိုင်းရောက်မြန်မာ အလုပ်သမားဇနီးမောင်နှံ ထိုင်းထီဘတ် ၆ သန်း ဆု ဆွတ်ခူး

CoverLogo
880 Views

ထိုင်းနိုင်ငံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံ နှစ်ဦးမှာ ထိုင်းထီ အမြင့်ဆုံး ဆု ဖြစ်တဲ့ ဘတ်၆သန်း ဆုကို ဆွတ်ခူးခဲ့တယ်လို့ 
မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော (M.H.A.C) မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။ 

စက်တင်ဘာ၁ရက် နေ့က  ဖွင့်လှစ်ခဲ့တဲ့  ထိုင်းအစိုးရထီဖွင့်ပွဲ မှာ   မြန်မာလုပ်သားဇနီးမောင်နှံက ၁၉၉၆၀၆ ဂဏန်းနဲ့  ကံထူးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးဟာ   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဇာတိ ဖြစ်ပြီး  ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိအထည်ချုပ်စက်ရုံ မှာ  အလုပ်လုပ်ကိုင်နေတာ  (၈) နှစ်ခန့် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

ဆုငွေ တွေ ကို စက်တင်ဘာ၂ရက်မှာ  (M.H.A.C) မဟာမိတ်အဖွဲ့ က ကူညီ ထုတ်ပေးခဲ့ ကာ ကိုရဲမင်းဦးဆောင်သည့် MHAC မဟာမိတ်အဖွဲ့ အနေနဲ့  လက်ရှိအချိန် ထိ ထီဆုကြီးပေါက်သဖြင့် ဆုငွေ ထုတ်ပေးခဲ့သည့်မှာ ၅၂ဦး ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁ရက် နေ့က လည်း ထိုင်းထီ ဘတ်၆သန်း နှစ်စောင်တွဲဘတ်၁၂သန်း ကို မြန်မာအလုပ်သမား မောင်နှစ်မ နှစ်ဦး ကရရှိခဲ့ပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026