NEWS

ထိုင်းရောက်မြန်မာအလုပ်သမားတွေ နိုင်ငံကူးလက်မှတ်နဲ့ CI စာအုပ်များတွင် သက်တမ်း ၂နှစ်အနည်းဆုံးရှိဖို့ဆောင်ရွက်ထားရန်  မြန်မာသံရုံးအသိပေး

CoverLogo
281 Views
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက် နေ့က ထိုင်းအစိုးရအဖွဲ့ မှ နိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် MOU အလုပ်သမားတွေ အတွက် ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်နဲ့ CIစာအုပ် သက်တမ်း အနည်းဆုံး ၂နှစ် ခန့် ကျန်ရှိဖို့ ဆောင်ရွက် ထားရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးက အောက်တိုဘာ၂၃ရက်မှာ အသိပေးကြေညာ ထားပါတယ်။
 
ထိုင်းအစိုးရရဲ့အတည်ပြုဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့ပေမယ့် ခွင့်ပြုချက်မရဘဲ တရားမဝင် အလုပ်လုပ်ကိုင် နေသူဖြစ်စေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်တဲ့ ခွင့်ပြုချက် ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း၌ (၁) နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
 
MoU လုပ်သားများကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမယ့် နိုင်ငံခြားသား အလုပ်သမားတွေ ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားတဲ့ စီမံချက်ဖြစ်တဲ့ အတွက် (၂) နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကာ ဆက်လက်ပြီး (၂) နှစ် သက်တမ်းတိုးခွင့်ရှိတဲ့ အတွက် စုစုပေါင်း (၄) နှစ် ခွင့်ပြုမှာ ဖြစ်တယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် နိုင်ငံခြားသားအလုပ်သမားတွေ အတွက် အဆင်ပြေချောမွေ့စေရန် ထပ်မံဖြည့်စွက်တဲ့ စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်တဲ့ အချိန် ကာလကို ယခင်က ရက် (၃၀) သတ်မှတ်ထားရာမှ ရက်ပေါင်း (၆၀) တိုးမြှင့်သတ်မှတ် ပေးခြင်းတို့အပြင် အလုပ်ရှင်အသစ် ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်း ခြင်းကိုသာ ဖြည့်စွက်ရမှာ ဖြစ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်တွေ ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
 
ဒါကြောင့် MoU သက်တမ်းကုန်နေတဲ့ မြန်မာလုပ်သားတွေ အနေနဲ့ မိမိရဲ့ နိုင်ငံကူး လက်မှတ်မှာ သက်တမ်းအနည်းဆုံး ၂ နှစ်ခန့် ကျန်ရှိဖို့ ၊ CI စာအုပ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ လည်း သက်တမ်း ၂ နှစ်ခန့် ကျန်ရှိဖို့ ပြုလုပ်ထားရန် လိုအပ်တယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးကအသိပေးထားပါတယ်။
 
နိုင်ငံကူးလက်မှတ် အသစ် လဲလှယ် ခြင်းကို မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန် ချုပ်ရုံး (ချင်းမိုင်)တို့မှာ ဆောင်ရွက်ပေးလျက်ရှိပြီး သက်တမ်းကုန်/ သက်တမ်းမပြည့်မီ တဲ့ CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ် လဲလှယ်နိုင်ဖို့ စခန်းဖွင့်လှစ် ဆောင်ရွက်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိကာ လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမှာဖြစ်တယ်လို့ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။

Related posts

Cover
မလေးရှားနှင့်ဂျပန် ကိုပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်လည်သည့် အေဂျင်စီကို အမှုဖွင့်အရေးယူ ထားဟု အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Mar 23, 2026
Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး
Mar 22, 2026
Cover
အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား ၄၀၀ကျော် အလုပ်ထုတ်ခံရ
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026