NEWS

ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှကိုသားကြီးနှင့်တွေ့ဆုံခြင်း။

CoverLogo
2.1K Views

လက်ရှိထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာနေထိုင်ပြီး ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီပေးနေတဲ့ကိုသားကြီး(KTG Helping Hands)နှင့်Myanmar Labour News မှတွေ့ဆုံးပြီးလက်ရှိဖြစ်ပေါ်နေတဲ့အလုပ်သမားရေးရာကိစ္စရပ်များကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

MLN- ထိုင်းမှာရှိနေတဲ့အလုပ်သမားတွေရဲ့စစ်အာဏာသိမ်းပြီးနောက်အခက်အခဲတွေကဘာတွေရှိနေလဲခင်ဗျ။

KTG-
လက်ရှိကတော့ထိုင်းရောက်လုပ်သားတွေအနေနဲ့အရင်အစိုးရလက်ထက်က သက်တမ်းကုန်သွားတဲ့ယာယီပတ်(စ်)ပို့တွေသက်တမ်းတိုးဖို့အဆင်မပြေတော့ဘူး။မိခင်နိုင်ငံပြန်ဖို့ကျတော့လဲစစ်ကောင်စီရဲ့ထောက်လှမ်းရေးတွေကပြည်တော်ပြန်တွေကိုအမှတ်၂ဂိတ်ကစောင့်ပြီးဖမ်းတာဆီးတာရိုက်နှက်စစ်ဆေးတာတွေလုပ်နေတဲ့အတွက်မပြန်ရဲကြဘူး။ဒါပေမယ့် CI နဲ့ကတနှစ်ခွဲနေလို့ရနေသေးတယ်ဆိုတော့ခံသာနေသေးတယ်လို့ပြောရမှာပေါ့။

MLN-အမျိုးသားညီညွတ်ရေးအစိုးရနဲ့ရောဘယ်လိုပူးပေါင်းဆောင်ရွက်တာတွေရှိလဲ။

KTG-လက်ရှိ NUG အစိုးရရဲ့အလုပ်သမားရေးဝန်ကြီးဌာနအနေနဲ့တော့ တခြားဒီကအလုပ်သမားရေးအဖွဲ့တွေနဲ့လုပ်ဆောင်နေတာတွေရှိတယ်ထိုင်းကအလုပ်သမားအရေးကို ကွပ်ကဲဆောင်ရွက်ပေးဖို့လုပ်နေတာရှိတယ်လို့သိရပါတယ်။

MLN-လက်ရှိထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့လိုအပ်ချက်ကရောဘာတွေရှိမလဲ။

KTG-အစက ဒီမှာစစ်ကောင်စီကခန့်ထားတဲ့အလုပ်သမားသံအရာရှိတွေရယ်စစ်ကောင်စီရဲ့ဝန်ထမ်းတွေရယ်က ဒီကအလုပ်သမားတွေကို CI သက်တမ်းတိုးဖို့နေပြည်တော်ကထပ်လွှတ်လိုက်တဲ့ဝန်ထမ်းတွေနဲ့ပါပြင်ဆင်နေတယ် CI သက်တမ်းတိုးစာအုပ်တအုပ်ကိုအလုပ်သမားတယောက်ကဘတ်(၁၀၀၀၀)လောက်ပေးလုပ်ရမှာဆိုတော့ သူတို့ဘယ်လောက်ရသွားမလဲ စဥ်းစားကြည့် တိုကင်တောင်မြန်မာငွေတသိန်းပေးယူရတာဗျာ အဲ့တော့ NUG အစိုးရအနေနဲ့လက်ရှိအလုပ်သမားတွေကိုင်ထားတဲ့ပတ်စပိုစ့်နဲ့ပဲတနှစ်ခွဲနေလို့ရတာကိုသက်ဆိုင်ရာထိုင်းအစိုးရနဲ့ညှိစေချင်တယ်။ပြီးတော့စစ်ကောင်စီက CI သက်တမ်းတိုးပြီးငွေရှာမယ့်ကိစ္စကိုအမြန်ဆုံးကန့်ကွက်တားဆီးပေးစေချင်တယ်။

MLN-ပြည်တွင်းကနေထွက်ခွာပြီးထိုင်းဖက်ကိုခိုးဝင်လာပြီးဖမ်းဆီးခံထားရတဲ့အလုပ်သမားတွေရဲ့အခြေအနေကရော။

KTG-ဖမ်းခံရတာတွေက ဘုရားသုံးဆူဖက်ကများတယ်၊ တချို့လဲလွတ်ပေမယ့်တခါဖမ်းရင် သုံးလေးရာဆိုတော့ဒီမှာသောင်းကျော်နေပြီတချို့ကျတော့လဲအချုပ်မှာခနလောက်နေရပြီးမြန်မာနယ်စပ်ကိုပြန်ပို့ခံရပေမယ့် တချို့ကျတော့လဲဘန်ကောက်ထောင်ကြီးရောက်သွားကြရတယ်။တချို့ဆိုတနှစ်နီးပါးခုထိမပြန်နိုင်သေးတဲ့သူတွေရှိနေတယ်။ဒါတွေကိုလဲ NUG အစိုးရအနေနဲ့ဘယ်လိုအမြန်ဆုံးဆောင်ရွက်ပေးနိုင်မလဲဆိုတာစဥ်းစားဖို့လိုပါတယ်။ဟိုဖက်ပြန်ပို့ဖို့ကလဲလုံခြုံမှု့တစက်မှမရှိဘူး။ဒီမှာဖမ်းဆီးခံထားရတဲ့လုပ်သားတွေရဲ့အကြောက်တရားကိုအရင်ဆုံးဖြေရှင်းပေးဖို့လိုတယ်။

MLN- ပြည်တွင်းမှာလဲအလုပ်အကိုင်ရှားပါးမှု့တွေဖြစ်နေတဲ့အပြင် နိုင်ငံရေးကလဲမကောင်းတော့ပြည်ပထွက်ခွာလိုတဲ့လုပ်သားတွေအပေါ်ရောဘာများသတင်းစကားပေးချင်ပါသလဲ။

KTG-ခုလတ်တလောထိုင်း-မြန်မာနယ်စပ်မှာကစစ်ရေးပြင်းထန်နေသလို ထိုင်းစစ်တပ်ကလဲတင်းကြပ်ထားတယ်၊ ကျတော်တို့လဲပြည်တွင်းအခြေအနေဘယ်လောက်ဆိုးဝါးလဲဆိုတာ သိပေမယ့်ပြည်တွင်းကလုပ်သားတွေကိုပြောချင်တာ ခဏလောက်သည်းခံကြပါလို့ ဒီရောက်လို့အဖမ်းခံရရင် မိသားစုတွေနဲ့အဆက်ပြတ်ဘာမှမသိဖြစ်ကုန်ပါလိမ့်မယ်။ ရတဲ့လစာလေးနဲ့မိမိအသက်အန္တရာယ်လုံခြုံတယ်ဆိုရင်တော့ခဏလောက်သည်းခံပေးကြပါလိုပြောချင်ပါတယ်။

MLN-ဖြည့်စွက်ပြီးပြောချင်တာလေးရှိရင်ပြောပေးပါအုံး။

KTG-ဖြည့်စွက်ပြောချင်တာကတော့ NUG အစိုးရအနေနဲ့ PDF တွေ CDM ဝန်ထမ်းတွေအလုပ်သမားရေးကိစ္စဆွေကိုမြေပြင်အခြေအနေမှာဖြစ်ပေါ်နေတာတွေနဲ့ယှဥ်ပြီးအမြန်ဆုံးဆောင်ရွက်ပေးဖို့နဲ့သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ပူးပေါင်းပြီးဖြေရှင်းပေးဖို့ပြောချင်ပါတယ်။

ခုလိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် MyanmarLabour News ကကျေးဇူးတင်ပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026