NEWS

ထိုင်းရောက်မြန်မာလုပ်သားများကို ကုန်ကျစရိတ် အခမဲ့ ဖြင့် အလုပ်ခေါ်ယူ

CoverLogo
544 Views
 
ထိုင်းနိုင်ငံ တောင်ပိုင်း ၊ စူရတ်ဌာနီခရိုင် က CPRAM Co., Ltd က ထိုင်းရောက် မြန်မာလုပ်သား တွေ ကို ကုန်ကျစရိတ် အခမဲ့ ဖြင့် အလုပ်ခေါ်ယူ နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN)ထံ မှသိရပါတယ်။
 
၎င်းစက်ရုံဟာ 7 Eleven စတိုးဆိုင် တွေ ကို တင်သွင်းတဲ့ စားသောက် ကုန်ထုတ်လုပ်တဲ့ အလုပ်ရုံ ဖြစ်ပြီး လုပ်အားခ ကို အစိုးရသတ်မှတ်ထားတဲ့ အလုပ်ချိန်၈နာရီ အတွက် ၃၅၂ဘတ် ၊အိုတီကြေး ၆၆ဘတ်နဲ့ ညကြေး ၃၀ဘတ်၊ စက်ရုံအအေးခန်း ၊အပူခန်း ဝင်ရသူတွေ အတွက် ညစ်ပတ်ကြေး အတွက် ဘတ်၃၀ နဲ့ အလုပ်ရက်မှန်ကြေးတစ်လ ၃၀၀ဘတ်မှ၅၀၀ဘတ် ပေးကြောင်း နဲ့ နေ့လည်စာအတွက် ထမင်းဖြူ အလွတ် ပေးတယ်လို့ သိရပါတယ်။
 
အခုအလုပ် အတွက် စမတ်ကြေး ၊သူဌေးပြောင်းခ မပေးရတဲ့ အပြင် ဗီဇာ၊ ဝါ့ခ်ပါမစ်တော်ခ အတွက် အလုပ်ရှင်မှ ပေးတဲ့ အတွက် အလုပ်သမား ဘက်မှ ကုန်ကျစရိတ်မရှိဘူးလို့ သိရပါတယ်။
 
""ထိုင်းမှာ အလုပ်သမားခေါ်မယ်ဆိုရင် ကုန်ကျစရိတ်အခမဲ့ ဖြစ်ရမယ် အဲ့လိုစည်းမျဉ်းစည်းကမ်းတွေ ကို ကုမ္ပဏီကြီး တော်တော်များများ က လိုက်နာရတယ် အခုစက်ရုံ က လည်း စည်းကမ်းနဲ့အညီ အလုပ်သမားတွေကို ကုန်ကျစရိတ်အခမဲ့ခေါ်ယူတာပါ""လို့ MWRN တာဝန်ရှိသူက MLNကိုပြောပါတယ်။
 
ယခုအလုပ်ကိုလျှောက်ထား လိုတဲ့ လုပ်သားတွေ အနေနဲ့ ကြားခံပွဲစား မလိုဘဲMWRN အဖွဲ့ထံ ကိုယ်တိုင် တိုက်ရိုက် လျှောက်ထား ရမယ်လို့ ဆိုပါတယ်။
 
""စက်ရုံဘက်ကနေ သူတို့ဖာသာ အလုပ်သမား ကို လက်ခံမယ်ဆိုရင် ကြားထဲက ပွဲစားတွေက ပိုက်ဆံယူပြီး အလုပ်သမား ကို လာပို့မှာ စိုးလို့ MWRN ကနေတစ်ဆင့်ကြော်ငြာပြီး အလုပ် လက်ခံတာပါ MWRN က အလုပ်သမားကိုယ်တိုင်လျှောက်တာဟုတ်မဟုတ် စစ်ပေးရတယ် ကြားထဲက ခေါင်းပုံဖြတ် မခံရအောင် လုပ်ဆောင်ပေးရပါတယ်""လို့ MWRN က တာဝန်ရှိသူကရှင်းပြပါတယ်။
 
အလုပ်လျှောက်မယ့် လုပ်သားတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေမှာ MOU အုပ်စုအတွက်
 ၁။passports +visa ၂။.work permits ၃။ဓါတ်ပုံ 4 ပုံ ၄။ဘိုင်ကျဲ့အော့/CI /pJ - နိမ်းလစ်ကိုင်ဆောင်သူများ၁။.passports +visa၂။.နိမ်းလစ်၃။.ဓါတ်ပုံ4ပုံ၄။.ဘိုင်ကျဲ့အော့ (ထွက်စာ) ဘတ်အသစ်ရိုက်ပြီး စာအုပ်ထဲ ဗီဇာပြောင်းထည့်ထားပြီးသူ တွေအတွက် ၁။pass+visa 2026 ၂။ဘော်ထော်.50 ၃။တော်မောရုံးက BIO ၄။ဓါတ်ပုံ 4ပုံ နဲ့ *ဘိုင်ကျဲ့အော့မလို ဘူးလို့သိရပါတယ်။
 
အခုလို ကုန်ကျစရိတ်အခမဲ့ ဖြင့် ၎င်းကုမ္ပဏီမှာ အလုပ်ရရှိသူ ၅၀၀ ကျော်ရှိပြီး စူရတ်ဌာနီပြည်နယ်အတွက် အလုပ်သမား ၁၀၀ ကျော် ခေါ်ယူဖို့ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026