NEWS

ထိုင်းမှာတရားမဝင် ဝင်ရောက်မှု့ကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား​ခြောက်သောင်းခန့်ရှိနေ၊ ထိုင်းမြန်မာနယ်စပ်ဂိတ်တွေတရားဝင်ဖွင့်လှစ်နိုင်ဖို့မရှိသေး

CoverLogo
1.7K Views

ထိုင်းနိုင်ငံထဲကို နယ်စပ်လမ်းကြောင်းအသီးသီးကဝင်ရောက်လာတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀၀၀ ခန့်ဟာထိုင်းအကျဥ်းထောင်တွေထဲမှာဖမ်းဆီးခံထားရတယ်လို့ထိုင်းရွှေ့ပြောင်းရေးလုပ်သားကျွမ်းကျင်သူတွေကပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့မြန်မာလုပ်သားတွေအနေနဲ့ထိုင်းနိုင်ငံကစွဲဆိုထားတဲ့ဥပဒေတွေနဲ့ရင်ဆိုင်နေရပြီးမြန်မာနိုင်ငံကိုပြန်ပို့ခံရတဲ့သူအနည်းငယ်သာရှိတယ်လို့သိရပါတယ်။

"ခုပဲမိသားစုနဲ့နောက်၂နှစ်လောက်အထိမတွေ့ရတော့မယ့်သူတွေထိုင်းထောင်ထဲမှာအများကြီးပြန်ချပေးနိုင်တာကလဲနဲနဲလေးပါ ဒီမှာရှိတဲ့အလုပ်သမားတွေတောင်အလုပ်လက်မဲ့အများကြီးစက်ရုံတခုကတရာလောက်ခေါ်ရင်တထောင်လောက်ဝိုင်းလျှောက်နေကြရတဲ့အခြေအနေဖြစ်နေတော့ပွဲစားတွေကိုပိုက်ဆံကြိုပေးပြီးအယုံမလွယ်ကြဖို့ပြောချင်တယ်"လို့ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူကိုရဲမင်း(AAC)က MLNကိုပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံကိုတရားဝင်လာရောက်အလုပ်လုပ်ဖို့ငွေအကျေသွင်းထားတဲ့လုပ်သားသိန်းဂဏန်းနီးပါးရှိနေပြီးစာရင်းပေးထားတဲ့မြန်မာလုပ်သား၆သောင်းနီးပါရှိနေပါတယ်။

"ရှေ့မှာတန်းစီနေတဲ့သူတွေတောင်အများကြီးပြီးတော့ကြိုစာရင်းပေးထားတဲ့သူတွေလဲအများကြီး ဒီလိုရှေ့ကအများကြီးတောင်ဝင်ခွင့်မရသေးတာသတိထားကြဖို့ပဲပြောချင်ပါတယ်"လို့ကိုရဲမင်းကဆက်ပြောပါတယ်။

ထို့အတူမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုလာရောက်လုပ်ကိုင်လိုတဲ့အလုပ်သမားတွေအနေနဲ့နှစ်နိုင်ငံနယ်စပ်ဂိတ်ဖွင့်လှစ်မယ်ဆိုတဲ့သတင်းတွေကိုမယုံကြည်ကြဖို့ပြောကြားတာတွေလဲရှိနေပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးကိုရဲမင်းက"နယ်စပ်ဂိတ်ကထိုင်းဖက်ကသူ့ဟာသူတံမျက်စည်းလှဲလဲဖွင့်မယ်လျောက်ပြောနေတာ ထိုင်းဖက်ကဖွင့်မယ်ဆိုရင်တောင်မြန်မာဖက်ကဘာလို့အဆင်ပြေမလဲ မြဝတီဂိတ်ဆိုခုတိုက်ပွဲဖြစ်နေတဲ့လမ်းကလာရမှာဒီအလုပ်သမားတွေအသက်ဘယ်သူကအာမခံမှာလဲ ဒါတွေရှိသေးတယ် ပြီးတော့ဒီနယ်စပ်ဂိတ်ဖွင့်တာနဲ့စကစကအခွန်တွေရမှာသူတို့ကျည်ဖိုးရမှာဒီကာလမှတော့နှစ်ဖက်မျှတွေးမှရမယ်"လို့ပြောပါတယ်။

မကြာခင်အချိန်ကပဲယခုလ ၅ရက်နေ့နဲ့ ၉ရက်နေ့တွေမှာမယ်ဆိုင်-တာချီလိတ်ဂိတ်၊ မြဝတီ-မဲဆောက်ဂိတ်တွေပြန်ဖွင့်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်ယခုအချိန်အထိဖွင့်လှစ်ခြင်းမရှိသေးသလိုနှစ်နိုင်ငံနယ်စပ်ဝင်ပေါက်တွေမှာမြန်မာလုပ်သားတွေတရားမဝင်လာရောက်မှု့နဲ့ဆက်လက်ဖမ်းဆီးခံနေရပါတယ်။

 


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026