NEWS

ထိုင်းနိုင်ငံ သို့  တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့  ကလေးငယ်အပါအဝင် မြန်မာအလုပ်သမား ၃၀ ကျော် အဖမ်းခံရ

CoverLogo
414 Views

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာ စစ်ဆေးရေးဂိတ်နား မှာ တရားမဝင် နယ်စပ် ဖြတ်ကျော်လာတဲ့ ကလေးငယ် အပါအဝင် မြန်မာအလုပ်သမား ၃၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။

မေလ ၂၆ရက် နံနက် ၆နာရီ၁၅မိနစ် ခန့်မှာ ကုန်တင်ကား တစ်စီး အတွင်း လိုက်ပါလာတဲ့ မြန်မာအလုပ် သမား အမျိုးသား ၁၈ဦးနှင့်အမျိုးသမီး၉ဦး ကလေးငယ် အမျိုးသား ၃ဦး နှင့်အတူ ခေါ်ဆောင်လာသူ၂ဦး တို့ကို ထိုင်းနိုင်ငံ ဒေသခံအာဏာပိုင်အဖွဲ့များ ပူးပေါင်း စစ်ဆေး ဖမ်းဆီး ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ မြန်မာအလုပ်သမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး  မွန်ပြည်နယ် ၊ကရင်ပြည်နယ်တို့မှလာ ​ရောက်ခြင်းဖြစ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ အခြားမြို့တို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အတွက်   ဖြစ်တယ်လို့ သိရပါတယ်။

အခုလို လာရောက် ဖို့  အတွက် ပွဲစားခ အဖြစ် တဦးလျှင် ဘတ် ၁၅၀၀၀မှ ၂၀၀၀၀ ထိ ပေးရမှာ ဖြစ်ကာ  တချို့တစ်ဝက် ပေးချေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ယခု ဖမ်းဆီးရမိသူတွေ  ကို  တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ထိုင်းဘက်မှ  စံခလဘူရီ ရဲစခန်းကို  ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025