NEWS

ထိုင်းနိုင်ငံ မီးကြိုးစက်ရုံ မှ မြန်မာလုပ်သား ၅၀ ကျော် အလုပ်ဖြုတ်ခံရမှု တိုင်ကြားထား

CoverLogo
434 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် ဘော်ထောင်းမြို့ရှိ (မီးကြိုးစက်ရုံ) မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၅၀ ကျော်ကို ရသင့်တဲ့နစ်နာကြေး မပေးဘဲ စက်ရုံဘက်မှ အလုပ်ဖြုတ်လိုက်ကြောင်း မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ WAG မဟာမိတ်အလုပ်သမားအဖွဲ့ ထံ မှ သိရပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သား ၅၁ ဦးဟာ MOU/Name list ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး ၎င်းစက်ရုံ မှာ အများဆုံး ၃ နှစ်အထိ လုပ်သက်ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
စက်ရုံ ကို ဇွန်လ ၂၅ရက်က စစ်ဆေးရေး ဝင်စစ်ခံရပြီးနောက် စက်ရုံကို အကန့်သတ်မရှိ ပိတ်လိုက်ရပြီး စက်ရုံရှိ လုပ်သားတွေကို နားရက်တွေမှာ ဒေးကြေး ဘတ် ၄၀၀ ပေးမယ်လို့ ပြောခဲ့တယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက် က လုပ်သားတွေကို အစည်းဝေးခေါ်ကာ အလုပ်နားရက်များအတွက် ဒေးကြေးပေးမယ့် ကိစ္စကို ပြန်လည်ရုတ်သိမ်းသွားသလို နစ်နာကြေး အတွက် တစ်ဦးကို ဘတ် ၄၀၀၀ ပေးပြီး စာရွက်စာတမ်းနဲ့ကျန့်အော် ထုတ်ပေးမယ်လို့ စက်ရုံ မှ တာဝန်ရှိသူတွေက ပြောကြောင်း သိရပါတယ်။
 
အခုလို ထိုက်သင့်တဲ့နစ်နာကြေးမရဘဲ အလုပ်ဖြုတ်ခံရတဲ့ အတွက် မြန်မာလုပ်သားတွေ မှာ အခက်ခဲဖြစ်ပေါ်တာကြောင့် WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံပြီး ဇူလိုင် ၂၂ရက်မှာ နယ်မြေခံဆာဝါဒီကန်ရုံးကို သွားရောက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
 
""စက်ရုံဘက်က အလုပ်ပိတ်တယ်ဆိုပြီး အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တဲ့ အတွက် နယ်မြေခံဆာဝါဒီကန်ရုံးမှာတိုင်စာတင်ထားတယ် ဆာဝါဒီကန်ရုံးဘက်က သူဌေးကိုဆက်သွယ်မေးမြန်းပေးမယ် ပြီးရင် အကြောင်းပြန်ကြားပေးမယ်လို့ပြောပါတယ်""WAGမဟာမိတ်အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ယခုဇူလိုင် လ အတွင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ လုပ်ခလစာမရသူတွေနဲ့နစ်နာကြေးမရဘဲ အလုပ်ဖြုတ်ခံရလို့ဆက်သွယ်အကူညီတောင်းခံလာတဲ့ မြန်မာလုပ်သား ၃၀၀ နီးပါးရှိကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ မှတ်တမ်း တွေ အရသိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026