NEWS

ထိုင်းနိုင်ငံ တောင်ပိုင်း တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမား၁၀၀ နီးပါး ဖမ်းဆီးခံရ

CoverLogo
370 Views

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင်အထောက်အထားမဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ထားချန့်ဒေသရှိ  ဆီအုန်းခြံထဲမှာ  မြန်မာနိုင်ငံသား တွေ ပုန်းခိုနေကြောင်း တိုင်ကြားချက် ရရှိတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ  ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ မြန်မာ အလုပ်သမားတွေဟာ မလေးရှား နိုင်ငံ ကို သွားရောက် အလုပ် လုပ် ဖို့ နယ်စပ်ဒေသ တွေ ဖြစ် တဲ့  တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ရနောင်းခရိုင်များကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူ တွေ ထဲ မှာ  ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၉၅ ဦးရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့  မြန်မာ အလုပ်သမားတွေ ကို ထာ့ချန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
ကန်ချနဘူရီတွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ ကျော်အဖမ်းခံရ
Jun 23, 2025
Cover
ထိုင်းနိုင်ငံရေးအခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သက်တမ်းတိုးလုပ်ငန်းစဉ်ကြန့်ကြာမည်ကို စိုးရိမ်ရ
Jun 22, 2025
Cover
လုံခြုံရေးစိုးရိမ်ရမှုကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့ ACR တောင်းဆို
Jun 20, 2025
Cover
အိုမန်မှပေးစာ - ၅
Jun 19, 2025
Cover
မလေးရှားသွား မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း အဖမ်းခံရမှု ဆက်တိုက်ဖြစ်ပေါ်နေ
Jun 18, 2025
Cover
နိုင်ငံခြားသားများ အလုပ်လုပ်၊ ဈေးရောင်းခြင်းများ ပြုလုပ်ပါက ပြည်နှင်မည်ဟု ထိုင်းဝန်ကြီး ပြောဆို
Jun 18, 2025
Cover
မြန်မာလုပ်သား၂၀၀ ကျော် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ရပ်နားခံရ
Jun 18, 2025
Cover
မြန်မာတစ်ဦး နေရပ်ပြန်ပို့ရန် မိသားစုဝင်များနှင့် အဆက်သွယ်မရဖြစ်နေ
Jun 17, 2025