NEWS

ထိုင်းနိုင်ငံ ဆိုက်ရောက်ကတ် Website အတုပေါ်နေ၊ ထိုင်းရောက်မြန်မာများ သတိပြုဖို့ အသိပေး

CoverLogo
463 Views
 
ထိုင်းနိုင်ငံကို ဝင်ရောက်သူတိုင်း Thailand Digital Arrival Card (TDAC) ဆိုက်ရောက်ကတ် ဖြည့်သွင်းရမဲ့ Website အတုပေါ်နေလို့ ထိုင်းရောက်မြန်မာတွေ သတိပြုဖိုလိုအပ်တယ်လို့ ရွှေ့ပြောင်းလုပ်သားများ အသိုက်အဝန်းက အသိပေးထားပါတယ်။ TDAC ဖြည့်သွင်းဖိုက အခု မေလ ၁ရက်‌မှာ စတင် ဖြည့်သွင်းဖို သတ်မှတ်ထားတာ ဖြစ်ပါတယ်။
 
ထိုင်းနိုင်ငံသား မဟုတ်သူတွေ နိုင်ငံအတွင်း လေကြောင်း၊ ရေကြောင်း၊ကုန်ကြောင်း တွေက ဝင်ရောက်ပါက TDAC (ထိုင်းဆိုက်ရောက်ကတ်)ကို သုံးရက်ကြိုတင် ‌မဖြစ်မနေဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ TDAC ကို ရေးသွင်းဖိုအတွက် http://tdac.immigration.go.th Website ကို အသုံးပြုရမှာ ဖြစ်ပြီး တခြားနိုင်ငံတကာ လေဆိပ်အတွင်းမှာလည်းTDACကတ် ဖြည့်မဲ့နေရာတွေစီစဉ်ထားတယ်လို့ ဆိုပါတယ်။
 
"အဓိက သတိထားရမှာကတော့ အခုလို TDAC Website အယောင်ဆောင်ပြီး လူလိမ်၊ လူညာတွေများနေတာပါ။ ဝက်ဘ်ဆိုဒ်အတုတွေမှာ ဆိုက်ရောက်ကတ် အချက်အလက်ဖြည့်သွင်းမိတာက ကိုယ်ရေးအချက်အလက်တွေ အလွယ်တကူ ခိုးယူခံရနိုင်တယ်။ ဒီအချက်အလက်တွေကို မမှန်မကန် အလွဲသုံးစားလုပ်သူတွေရဲ့အသုံးချခံရနိုင်လို ထိုင်းကို မေလကနေ စဝင်လာမဲ့ မြန်မာလူမျိုးတွေ သတိပြုသင့်ပါတယ်"လို နည်းပညာ လုပ်ငန်းလုပ်ကိုင်သူ ရွှေ့ပြောင်းမြန်မာတစ်ဦးက ပြောပါတယ်။
 
ကာလရှည်နေထိုင်ခွင် ဗီဇာနဲ့နေထိုင်ကြသူတွေ ထိုင်းနိုင်ငံ ပြင်ပကို ထွက်ပြီး ပြန်ဝင်တဲ့ အခါ TDAC ကတ် ဖြည့်စွက်ဖို လိုအပ်ပြီး ၊ လူမှုဝင်မှုကြီးကြပ်ရေးအဖွဲကို ဖြတ်စရာမလိုဘဲ လေယာဉ်ပြောင်းစီးမဲ့ သူတွေကတော့ TDAC ကို ဖြည့်ဖိုမလိုအပ်သလို ၊Border Pass နဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ကြမဲ့သူတွေလည်း TDAC ဖြည့်ဖို မလိုအပ်ဘူးလို့ သိရပါတယ်။
TDAC မှာ Personal Information ၊Trip & Accommodation Information နဲ့Health Declaration တို ဖြည့်ရမှာ ဖြစ်ပြီး ၊ ဖြည့်ပြီးပါက Email ထဲကို QR code ပိုပေးမှာဖြစ်လို QR code ကို ထိုင်းနိုင်ငံကို ဝင်ရောက်ရောက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေးအဖွဲကို ပြသရမှာလို့ သိရပါတယ်။
 
ထိုင်းနိုင်ငံကို မထွက်ခွာမီ သုံးရက်ကြိုတင် ကတ်ဖြည့်ထားနိုင်ပြီး အချက်အလက်တွေကို ပြန်လည်ပြင်ဆင်လိုပါက QR code ကို Scan ဖတ်ပြီး ပြောင်းလဲ နိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026