NEWS

ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ

CoverLogo
121 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် နှစ်ခု ကို ထိုင်းအာဏာပိုင်များ က ဝင်ရောက် စစ်ဆေးရာ အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
မတ်လ ၁၁ ရက်က ချွန်ဘူရီပြည်နယ် ဒွန်ဟွာလောဒေသနဲ့ ဘန်ဘန်းဒေသရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုကို ထိုင်းရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာပေါင်းစုံက ရှောင်တင်ခင် ဝင်ရောက်စစ်ဆေးခဲ့ရာမှ တရုတ်နဲ့ မြန်မာ လုပ်သား တွေ အဖမ်းခံရတယ်လို့ သိရပါတယ်။
 
ဒွန်ဟွာလောမြို့နယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ၂၉ဦး အလုပ်လုပ်နေတာ တွေ့ရပြီး ၂ဦးမှာ အထောက်အထား စာရွက်စာတမ်းမရှိတာ စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
 
ဒုတိယ နေရာဖြစ်တဲ့ ဘန်ဘန်းမြို့နယ် က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးရာမှာ နိုင်ငံခြားသား လုပ်သား ၁၀၀ကျော် လုပ်ကိုင်နေပြီး အာဏာပိုင်များ လာရောက်စစ်ဆေးတာ ကို မြင်တွေ့တဲ့အခါမှာ အချို့ အလုပ်သမားတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံး မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း စစ်ဆေးတဲ့အခါမှာ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသား၁၇ဦးနဲ့အမျိုးသမီး ၁၄ဦး စုစုပေါင်း၃၁ဦးနဲ့ တရုတ် အမျိုးသား ၄ဦး တို့ကို ဖမ်းဆီးခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
လက်ရှိမှာ အထောက်အထားမရှိ လို့ အဖမ်းခံရတဲ့ လုပ်သားတွေ အပြင် ၎င်းတို့ကို လက်ခံကာ အလုပ်လုပ်ခွင့်ပေးတဲ့ လုပ်ငန်းရှင် ၂ဦးကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ သိရပါတယ်။
 
Ref-FM91

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026