NEWS

ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ

CoverLogo
358 Views
 
ထိုင်းနိုင်ငံ ကချနဘူရီခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၇ဦး ကို ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။
 
ဒီဇင်ဘာ ၂၂ရက် က ကန်ချနဘူရီမြို့ထဲ ရှိ နေရာနှစ်ခုမှာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဘိုင်ပတ်လမ်းမတွင် အနက်ရောင် Toyota BIOS ကားတစ်စီး ကို ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးရာ ကားအတွင်းမှာ မြန်မာအမျိုးသမီး၉ဦးကို ပြည့်ကြပ်စွာ တင်ဆောင်လာတာ တွေ့ရကာ ယာဉ်မောင်းဖြစ်သူကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းအမျိုးသမီးတွေဟာ နယ်စပ်တောလမ်းကနေ တစ်ဆင့် တရားမဝင် ဖြတ်ကျော် ဝင်ရောက် လာတာ ဖြစ်ပြီး အထောက်အထားစာရွက်စာတမ်းတစ်စုံတစ်ခု မှ မပါရှိဘူး လို့ သိရပါတယ်။
 
ဒါ့အပြင် ကန်ချနဘူရီမြို့ နော့ဘွန်ကျေးရွာ အနီး အမြန်လမ်းမပေါ် မှာ ပစ်ကပ်ကားဖြင့် တင်ဆောင် လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၈ ဦးကို ကန်ချနဘူရီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းမိသူတွေကို စကားပြန်ကတစ်ဆင့် မေးမြန်းရာ မြန်မာလုပ်သားတွေဟာ စမွတ်ခရိုင်(မဟာချိုင်)ဘက်မှာ အလုပ် လုပ်ဖို့ ရည်ရွယ်ထားကျပြီး အခုလို ဝင်ရောက် လာနိုင်ဖို့ ပွဲစား ဖြစ်သူကို တစ်ဦးလျှင် ဘတ် ၁၂၀၀၀အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
 
ထိုင်းလူမျိုး ယာဉ်မောင်း ဖြစ်သူတွေ ကိုလည်း ဖမ်းမိခဲ့ကာ ၎င်းတို့ဟာ မြန်မာလုပ်သားတွေကို သယ်ဆောင်ခ အဖြစ် လုပ်သားတစ်ဦး အတွက် ဘတ် ၃၀၀၀ရရှိတယ်လို့ သိရပါတယ်။ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ ကို ဥပဒေအရ အရေးယူနိုင် ဖို့ ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများမှာဖော်ပြထားပါတယ်။
 

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026